Breaking News

ယောက်ျားတွေဘာကြောင့် ဖောက်ပြန်တာလဲ ? အဖြေက အံ့အားသင့်စေမှာပါ


တစ်လင် တစ်မယား စနစ် စတင် ကထဲက ဖောက်ပြန်တယ်ဆိုတာ လဲ အပြိုင် ရှိနေခဲ့ပါတယ်။ ဖောက်ပြန်တယ်ဆိုတာ ခိုးတာ၊ ညာတာ ၊ လိမ်တာ စတဲ့ လူတွေ ရဲ့ပင်ကိုယ် စိတ်ရင်းထဲက မကောင်းတဲ့စိတ်ရိုင်းတွေပါ။ လူဆိုတာ ရှိနေသ၍တော့ ဖောက်ပြန်တာတွေ လဲရှိနေမှာပါ။ ဖောက်ပြန်တာ ကို တားဆီး ဖို့ အတွက် ဥပဒေ တွေ နဲ့ ထိန်းချုပ်တားမြစ်ထား သော်လည်း ဖောက်ပြန်တာတွေ က ဆက်လက်ဖြစ် ပေါ်နေဆဲပါ။ ဖောက်ပြန်တာ ယောကျာ်း မိန်းမ မရွေးပါဘူး။ ဒါပေမယ့် အခု ယောက်ျားတွေ ဘာကြောင့် ဖောက်ပြန်ရသလဲဆို လေ့လာကြရအောင်။

M. Gary Neuman ရဲ့ The Truth about Cheating စာအုပ်ထဲက သုတေသန တစ်ခုရဲ့ အဖြေ အရ …

၄၈% သောဖောက်ပြန်တဲ့ ယောက်ျားတွေ က အိမ်ထောင်ရေးမှာ စိတ်ကျေနပ်မှု မရရှိ လို့ဖြစ်ပါတယ်။ ယောက်ျားများ ဟာ လူတွေထင်တာလောက် စိတ်တောင့်တင်းမှုမရှိကြပါဘူး။ အများသောအားဖြင့် ယောက်ျားတွေ က ချီးကျူးတာ၊ ထောက်ခံတာ၊အားကိုး တာတွေ ကို ခုံမင်တက်ကြပါတယ်။ အကယ်၍ အိမ်ရှင်မက ဒါတွေ ကို မပေးနိုင်ရင် အပြင်က အခြားသောလူများဆီကနေ ရယူတက်ကြပါတယ်။ ယောက်ျားများ က ချီးကျူးထောက်ခံမှုတွေ တော်တော်များများ ကို လုပ်ငန်းခွင်မှ အလုပ်အတူတူ လုပ်နေသော မိန်းမများထံမှ ရရှိတက်ကာ လုပ်ဖော်ကိုင်ဖက်များနဲ့ ဖောက်ပြန်ရန် ရာခိုင်နှုန်းက ၄၀% လောက်များပါတယ်။ အခြား မိန်းမရဲ့ ခန္ဒာကိုယ် ဆွဲဆောင်မှုကြောင့် ဖောက်ပြန်တဲ့ ရာခိုင်နှုန်း က ၁၀% အောက်မှာသာရှိတဲ့အတွက် စိတ်မထိမ်းနိုင်လို့ဖောက်ပြန်တာကနည်းပါတယ်။ ဖောက်ပြန်တဲ့ယောက်ျား ၈၈%က သူတို့ ဖောက်ပြန်တဲ့ မိန်းမက လက်ရှိ မယားလောက် ဆွဲဆောက်မှုမကောင်းဘူးလို့ သုသေတန မှတ်တန်းမှာ ၀န်ခံထားပါတယ်။
အခြားသော ဖောက်ပြန်ရတဲ့အကြောင်းအရင်းက ကိုယ်တွဲနေ တဲ့ယောက်ျားလေး သူငယ်ချင်းက ဖောက်ပြန်တာကိုသိတဲ့ အခါမှာဖြစ်ပါတယ်။ ၇၇% သောဖောက်ပြန်သူတွေက သူ့ သူငယ်ချင်းတွေ ဖောက်ပြန်တာကို ကြည့်ပြီး အတုမြင် အတက်သင် ကာ လိုက်ပြီး ဖောက်ပြန်တက်ကြပါတယ်။ အများသောအားဖြင့် ဖောက်ပြန်တာမကောင်းမှန်းသိပေမယ့် ဖောက်ပြန်ကြပြီး ၆၈% ကတော့ နောင်တရကြပါတယ်။

ချုံပြီးကြည့်ရရင် ဖောက်ပြန်တာက လိင်စိတ်ကြောင့် သက်သက် မဟုတ်ပဲ ခံစားချက် က အဓိကပါဝင်ပါတယ်။ လူအများထင်ထားသလို ယောက်ျားများရဲ့စိတ်က ခိုင်မာမှုမရှိပဲ အလွန်ပျော့ပြီး သူတို့ကို သူများကလို ချင်တယ် လိုအပ်တယ် လို့ ထင်ရင် ချီးကျူးခံရရင် လွန်စွာ ကြည်နူး ပျော်မွေ့တက်ကြပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး … ယောက်ျားလေးတိုင်း အားကျစေဖို့ …

Gentleman Magazine