Breaking News

မရည်ရွယ်ပဲ ဆဲရေးတိုင်းထွာမိခြင်းဟာ ရိုးသားမှုကို ပေါ်လွင်စေတယ်လို့ လေ့လာမှုအသစ်တစ်ခု ဆို



သင့်ရဲ့  အလုပ်ရှင်က သင့်ကို စာမျက်နှာ ၂၅ မျက်နှာလောက်ရှိတဲ့ အစီရင်ခံစာ ကို အစကနေ ပြန်လုပ်ပေးဖို့ ညွှန်ကြားလိုက်တဲ့အခါမျိုးမှာ သင့်နှုတ်ခမ်းက မထင်မှတ်ပဲ ရုတ်တရက် ဆိုသလို ဖရုသ၀ါစာ စကားလုံးတွေ ရေရွတ်လိုက်မိပါလိမ့်မယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီလို မရည်ရွယ်ပဲ ဆဲရေးတိုင်းထွာမိတာမျိုးဟာ ဖြစ်တတ်တဲ့ သဘာဝ တစ်ခုလိုပါပဲ။

အဲဒီ အမူအကျင့်ဟာ မကောင်းဘူးလို့ဆိုပေမယ့်လည်း Cambridge တက္ကသိုလ် က အတည်ပြုပေးတဲ့ လေ့လာမှု အသစ်တစ်ခုအရတော့ ဆဲရေးတိုင်းထွာခြင်းဟာ သင့်အနီးအနားက ရိုးသားမှုတွေကို ထင်ပေါ်လာအောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

ပါဝင်ကူညီသူ လူဦးရေ ၂၇၆ ယောက်နဲ့ Facebook အသုံးပြုသူ လူဦးရေ ၇၅၀၀၀ ယောက်တို့ကို သုတေသနပြုလုပ်ခဲ့တဲ့ ဒီ လေ့လာမှုက တဆင့် ရှာဖွေတွေ့ရှိခဲ့တာကတော့ မရည်ရွယ်ပဲ ဆဲရေးတိုင်းထွာမိခြင်းဟာ မှန်တာကို ပြောဆိုနေခြင်းနဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုတာပါပဲ။ ရည်ရွယ်ချက်ရှိရှိ ဆဲရေးတိုင်းထွာ တတ်သူတွေမှာတော့ သူတို့ အသုံးပြုလိုက်တဲ့ ဖရုသ၀ါစာ စကားလုံးတွေကို အတိုင်းအတာ မသတ်မှတ်ထားတဲ့အတွက် သူတို့ ပြောဆိုနေတာဟာလည်း ယုံကြည်မှု အတိုင်းအတာ တစ်ခု ပြန်လည် မသက်ရောက်နိုင်ဘူးလို့ လေ့လာမှုက ဆိုပါတယ်။

ဒါကြောင့် နောက်တစ်ခါ သင့်အနေနဲ့ ရိုးသားမှုကို ပြသဖို့ လိုအပ်နေတဲ့အချိန် ရင်ထဲမှာရှိတဲ့ အတိုင်းပဲ ဖရုသ၀ါစာ စကားလုံးတွေကို ရေရွတ်လိုက်ပါ။ သင့်ရဲ့  ရိုးသားမှု အရာထင်လာပါလိမ့်မယ်။

Credit :Trend Myanmar