Breaking News

ဆံပင်တိုလေးနဲ့ လန်းနေတဲ့ ဝိုင်းစုခိုင်သိန်း

play

ဝိုင်းစုခိုင်သိန်းကတော့ ဆံပင်တိုလေးနဲ့ လန်းနေတဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂)ရက်နေ့ ညနေက တင်လိုက်ပါတယ်။ အရင်က ပုခုံးကျော်လောက် ရှိတဲ့ ဆံပင်ကို လုံးဝအတိုပုံစံညှပ်လိုက်တာ ဖြစ်ပါတယ်။ ဒီတစ်ခါဆံပင်အတိုလေးကိုလည်း အရင်တစ်ခေါက် ဆံပင်အတိုညှပ်ပေးတဲ့ ဘန်ကောက်က ဆရာဆီမှာ ပြန်ညှပ်ထားတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
ဝိုင်းစုကတော့ ဆံပင်တိုလေးနဲ့ အရမ်းကို လိုက်ဖက်လွန်းပါတယ်။ သွယ်လျတဲ့ မျက်နှာလေးနဲ့ ယောက်ျားလေးဆန်တဲ့ ဆံပင်ပုံစံကတော့ သူမနဲ့ ကြည့်ရတာ အရမ်းကို အဆင်ပြေလှပါတယ်။
play

သူမရဲ့ ပရိသတ်တွေကလည်း ဒီဆံပင်လေးနဲ့ အရမ်းကို လိုက်ဖက်ကြောင်း သူမဓာတ်ပုံရဲ့ အောက်မှာ ကောမန့်လေးတွေ ရေးထားကြပါတယ်။
ဝိုင်းစုကတော့ လက်ရှိမှာ နယ်ရှိုးပွဲတွေနဲ့ ပြည်ပရှိုးပွဲတွေ တောက်လျှောက်သီဆိုနေရတာကိုလည်း တွေ့ရပါတယ်။ မကြာခင်မှာ ထွက်ရှိလာတော့မယ့် အောင်ရဲ့ တတိယတစ်ကိုယ်တော်အခွေမှာလည်း အောင်လနဲ့အတူ "The Woman I Love" သီချင်းကို ပုံဖော်ထားတယ်လို့ သိရပါတယ်။
play
အဆိုတော် အောင်လက ဝိုင်းစုခိုင်သိန်းနဲ့ ချစ်သူဖြစ်နေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။တစ်ယောက်နဲ့ တစ်ယောက်ဟာ ငယ်ရည်းစားတွေမို့ လွတ်လပ်တဲ့ အချိန်မှာ ပြန်လည်တွဲနေတာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာလည်း တွေ့ရပါတယ်။ ပွဲတွေတော်တော်များများမှာလည်း နှစ်ယောက်သား အတူတူသွား လာတာကိုလည်း တွေ့ရပါတယ်။  အောင်လနဲ့ ဝိုင်းစုတို့ကတော့ လက်ရှိမှာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်နေပြီး အိမ်ထောင်ပြုဖို့ကတော့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။
Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်