Breaking News

အင်္ဂလန်ကစုံတွဲတွေ ကိုယ့်ချစ်သူကိုခေါ်ဝေါ်သုံးစွဲလေ့ရှိတဲ့ နာမည်ပြောင်များ



အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ၅၅ ရာခိုင်နှုန်းသော လူငယ်တွေဟာ သူတို့ချစ်တဲ့သူ တစ်ယောက်ကို ချစ်စရာနာမည်ပြောင်လေးတွေနဲ့ ခေါ်ဝေါ်ကြတာကို တွေ့ရှိရပါတယ်။ ‘Darling’ ဆိုသော အသုံးအနှုန်းဟာ အင်္ဂလန်နိုင်ငံ က စုံတွဲတွေ ကြားမှာ အသုံးအများဆုံး နာမည်ပြောင် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ တောင်ပိုင်း နဲ့ လန်ဒန်က စုံတွဲတွေ ‘Darling’ ဆိုတဲ့ နာမည်ပြောင်ကို သုံးနေကြတဲ့အချိန်မှာပဲ အင်္ဂလန်နိုင်ငံ မြောက်ပိုင်းနဲ့ ဝေလ တို့မှာ ‘love’ ဆိုပြီး ခေါ်ဝေါ်ကြတာများတယ်လို့ သိရပါတယ်။

‘Ducky’ ဆိုတဲ့ နာမည်ပြောင်ဟာလည်း Midland ဒေသတွေမှာ ပေါ်ပြူလာဖြစ်နေပြီး အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း မှာ တော့ ‘Sweetheart’ ဆိုတဲ့နာမည်ပြောင်ကိုသုံးလေ့ရှိကြပါတယ်။ Yorkshire မြို့မှာတော့ ‘Love’ ဆိုတဲ့ နာမည်ပြောင်ကို အသုံးများပြီး Glasgow နဲ့ Edinburgh မြို့တွေမှာတော့ ‘honey’ (သို့) ‘hun’ လို့ ကိုယ့်ချစ်သူ ကို ခေါ်ဝေါ်လေ့ရှိပါတယ်။ Merseyside မြို့မှာတော့ ‘babe’ ဆိုတဲ့ နာမည်ကိုသုံးပြီး  ဝေလမှာလည်း ‘Babe’ လို့ခေါ်ဝေါ်ကြပါတယ်။

၁၅ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့ရဲ့ ချစ်သူတွေကို ‘the boss’, ‘her indoors’ နဲ့ ‘ the ball and chain’ လို့လည်းခေါ်ဝေါ်ကြပါတယ်။ တစ်ချို့ကလည်း ပိုပြီးနူးညံ့စွာနဲ့ ‘my better half’ လို့ခေါ်ဝေါ်ကြတယ်လို့ YouGov အဖွဲ့ရဲ့ Match.com အတွက် လူ ၄၀၀၀ ကျော်ကို စာရင်း ကောက်ယူရင်း သိရပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ လက်တွဲဖော်ကို ‘hubby’, ‘husband’ နဲ့ ‘partner’ လို့ခေါ်လေ့ရှိကြပါတယ်။

Match.com ရဲ့ အချစ်ရေး ကျွမ်းကျင်သူ Kate Taylor က တော့ ဘယ် အချစ်ရေးမှာမဆို ချစ်စရာ နာမည်ပြောင်လေးတွေဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

Credit :Trend Myanmar