Breaking News

ချစ်သူနောက်ကွယ်မှာတစ်ကယ်သစ္စာရှိမရှိ အလန်းစားစမ်းသပ်နည်းနဲ့စမ်းသပ်ခဲ့တဲ့မိန်းကလေး

vgbhnjmk-696x392

YouTube မှာ ခေတ်စားနေတဲ့ To Catch A Cheater (ဖောက်ပြန်သူကို ဖော်ထုတ်ရေး)အစီအစဉ်ဟာ ပြင်ပ ချစ်သူစုံတွဲတွေကို ကိုယ့်ချစ်သူ နောက်ကွယ်မှာ တကယ်သစ္စာရှိမရှိကို Hidden ကင်မရာတွေနဲ့ လက်တွေ့စမ်းသပ်ပြတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအတွက်လည်း အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
အခုလည်း ရေပိုက်ပြင်သမားတစ်ယောက်ရဲ့ ချစ်သူက သူ့မရဲ့ချစ်သူ သစ္စာရှိမရှိကို စမ်းသပ်စေခဲ့ပါတယ်။ စမ်းသမ်းမှုကိုလည်း ကာယကံရှင်ချစ်သူ ကောင်မလေးကိုယ်တိုင် အပြင်ကနေ မော်နီတာကို စောင့်ကြည့်နေပါတယ်။ ရေပိုက်ပြင်သမားကို လိင်ပိုင်းဆိုင်ရာ မြှူစွယ်ခဲ့သူကတော့ To Catch A Cheater က ငှားရမ်းထားတဲ့ Alison လို့ အမည်ရတဲ့ အမျိုးသမီးပါ။
Alison ဟာ အနက်ရောင် ညအိပ်ဝတ်ရုံကို လျှော့တိလျှော့ရဲဝတ်ဆင်ထားပြီး ရေပိုက်ပြင်သမားကို စတင်မြှူစွယ်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားရင်ဘက်ကို လက်နဲ့လှမ်းကိုင်ပြီး လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ စကားတွေနဲ့ မြှူစွယ်ခဲ့ပါတယ်။ အံစွဲထဲမှာ တမင်ထည့်ထားတဲ့ Sex Toy ကိုလည်း Alison ” အို အဲဒါကို ရှာနေတာ ကြာပြီ … “စသဖြင့် ပြောခဲ့ပါတယ်။

အဲဒီနောက် ညစ်ညမ်းတဲ့ စကားလုံးတွေကို သုံးကာ ရေပိုက်ပြင်သမား စိတ်ပါလာအောင် ဆက်လက်မြှူစွယ်ခဲ့ပါတယ်။ ရေပိုက်ပြင်သမားက ” ကျွန်တော် ရေဆာတယ်ဗျ .. သောက်စရာ မရှိဘူးလား .. အတော်ပူတာပဲနော် “လို့ စကားလမ်းကြောင်း လွှဲခဲ့ပါတယ်။
အဲဒီနောက် အလုပ်လုပ်စရာ ပြီးလို့ ပြန်ထွက်မယ် ပြင်နေတဲ့အမျိုးသားကို Alison က ” ရှင် သွားလို့မရဘူး … ကျွန်မကို ဖက်သွားပါဦး … ကျွန်မ အခုအချိန်မှာ ဟိုဒင်းဟိုဝှာ ဖြစ်နေတယ် “စသဖြင့် ခပ်ကြမ်းကြမ်းပြောတော့ ရေပိုက်ပြင်သမားက ” ကျွန်တော့်မှာ ချစ်သူရှိတယ်ဗျ .. “လို့ပြောတော့ Alison က ကျွန်မကလည်း ချစ်ဖို့ကောင်းပါတယ် စသဖြင့် သိမ်းသွင်းပြန်ပါတယ်။ ဒါပေမယ့် ရေပိုက်ပြင်သမားဟာ Alison ကို လုံးဝ တို့ထိခြင်း မပြုဘဲ အခန်းထဲကနေ ထွက်ခွာသွားတာကို တွေ့ရပါတယ်။

အပြင်မှာ တိုက်ရိုက်ကြည့်ရှုနေတဲ့ အမျိုးသားရဲ့ ချစ်သူက ” မိုက်တယ် … သူဒီလို လုပ်ဆောင်နိုင်ခဲ့လို့ ကျွန်မ ဂုဏ်ယူပါတယ် “လို့ ပြောခဲ့ပါတယ်။ ဒီဗွီဒီယိုဟာ YouTube ပေါ်မှာ ကြည့်ရှုသူ 3 သိန်းနီးပါး ရှိခဲ့ပါတယ်။ ဒီကိစ္စကို ချစ်သူ ကောင်မလေးက ဂုဏ်ယူနေပေမယ့် မှတ်ချက်ရေးသူတစ်ယောက်က ” ဒီလောက် ခပ်ကြမ်းကြမ်းတွေ ပြောမှတော့ ဟိုက ပြေးမှာပေါ့ “လို့ ရေးသားခဲ့ပါတယ်။
Credit: ညီလင်းထက် (Shwemom)
source : thesun.co.uk