Breaking News

ချယ်လ်ဆီး - အာဆင်နယ် ပွဲမတိုင်ခင် သိထားသင့်တဲ့ အချက်များ



ပရီးမီးယားလိဂ် ချန်ပီယံလိဂ်လမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲတစ်ပွဲကို ဒီတစ်ပတ် အားပေးကြရဦးမှာဖြစ်ပါတယ်။ ပွဲစဉ် ၂၃ အပြီး အဆင့်-၃ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ ထိပ်ဆုံးက ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ဒီတစ်ပတ်သွားကစားရမှာဖြစ်ပါတယ်။
ချယ်လ်ဆီး
play

ချယ်လ်ဆီးအသင်းဟ ၁၃ ပွဲဆက်တိုက် အနိုင်ရပြီးတဲ့နောက်မှာ လီဗာပူးနဲ့သရေကျပြီး နိုင်ပွဲဆက်မှု ရပ်တန့်သွားသူပါ။ ဒါပေမယ့် အမှတ်ဖြတ်ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေဆဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ဒီပွဲအနိုင်ရမယ်ဆိုရင် အမှတ်ပေးချန်ပီယံဆု ခြိမ်းခြောက်နိုင်တဲ့ အာဆင်နယ်တစ်သင်းကို လျှော့ချနိုင်မယ်လို့ တွက်ဆမှာဖြစ်တာကြောင့်ဒီပွဲသရေကစားဖို့ထက် အနိုင်ကစားဖို့ အသားပေးပြီးပြင်ဆင်လာနိုင်ပါတယ်။ ချယ်လ်ဆီးဟာ ဒီရာသီ အိမ်ကွင်းမှာ ရလဒ်ကောင်းပြီး ဆယ်ပွဲဆက်တိုက် အနိုင်ရထားတာကြောင့် အာဆင်နယ်အခက်တွေ့မယ်ပွဲ ဖြစ်ပါတယ။်
အာဆင်နယ်
play

အာဆင်နယ်အတွက် ကြားရက်အတွင်း ဘန်လေကို ရှုံးနိမ့်လို့ ထိုးနှက်ချက်ကြီးကြီးမားမား ဖြစ်ခဲ့ရပါတယ်။ အခုချယ်ဆီးနဲ့ ပွဲဟာ သူတို့ရဲ့ချန်ပီယံလမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်အမှတ်ဗလာနဲ့ အိမ်ပြန်ရမယ်ဆိုရင်တော့ ၁၂ မှတ်အထိ ကွာဟသွားမှာ ဖြစ်လို့ ချန်ပီယံဆုကိုလက်လွှတ်ရဖို့ သေချာသလောက်ဖြစ်သွားနိုင်မှာပါ။ ပထမအကျော့က ချယ်လ်ဆီးကို ၃-၀ ဂိုးနဲ့ အာဆင်နယ်အနိုင်ရထားခဲ့တာက စိတ်ဓာတ်ပိုင်းအရ အသာစီးရစရာဖြစ်ပါတယ်။
ပွဲထွက်စာရင်း
အာဆင်နယ်အသင်းဘက်မှာ အိုဇေးလ်၊ ဆန်းချက်ဇ်၊ ဂျီရုဒ်၊ ကိုကီလင်း၊ ဝဲလ်ကော့တို့ ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးဘက်ကတော့ ကော်စတာ၊ ဟာဇက်၊ ပက်ဒရို၊ အလွန်ဆို၊ မာတစ်တို့နဲ့ လူစုံပါဝင်လာဦးမှာပါ။
ထိပ်တိုက်တွေ့ဆုံမှု
play

အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ဘောလုံးရာသီနောက်ပိုင်း ချယ်လ်ဆီးအသင်းကို နှစ်ကြိမ်ဆက်မနိုင်ဖူးသေးပါဘူး။ အခုတော့ အဲဒီရလဒ်ကို ပြန်ယူနိုင်မယ့်အခွင့်အရေး ရှိနေပြန်ပါပြီ။ ဒါပေမယ့် အာစင်ဝင်းဂါးဟာ အသင်းနဲ့စတမ်းဖို့ဒ်ဘရစ်ခ်ျကိုနောက်ဆုံး သွားကစားခဲ့တဲ့လေးပွဲမှာ လေးပွဲလုံး ရှုံးထားလို့ စိုးရိမ်စရာဖြစ်ပါတယ်။
Source : Mirror