Breaking News

ရေကူးဝတ်စုံကြော်ငြာရိုက်ကူးပေးနေတဲ့ လီယိုနာဒိုရဲ့ချစ်သူ နီနာအက်ဒဲလ်

ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကက်ပရီယိုကို ဆွဲဆောင်နိုင်ခဲ့တဲ့ စူပါမော်ဒယ် နီနာအက်ဒဲလ်ရဲ့ ပကတိအလှတရားကို မြင်တွေ့ရတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။
play

အသက် ၂၄ နှစ်အရွယ် ဒိန်းမတ်သူလေးဟာ အွန်လိုင်းလက်လီဆိုင်တစ်ခုဖြစ်တဲ့ Shopbop အတွက် ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ရေကူးဝတ်စုံလေးတွေ ဝတ်လို့ ရေစက်လက်နဲ့ စွဲမက်ဖွယ်အပြည့်ဖြစ်နေပါတယ်။
သူမဟာ ရေကူးဝတ်စုံ ဒီဇိုင်းစုံဝတ်ကာ သွယ်လျလှပတဲ့ သူမရဲ့အလှကို ပြသထားပါတယ်။
play

နီနာဟာ အော်စကာဆုရှင် လီယိုနာဒို နောက်ဆုံးတွဲနေတဲ့ စူပါမော်ဒယ် မိန်းမချောလေး ဖြစ်ပါတယ်။
 လီယိုက သူမရဲ့အရင် အသက် ၂၅ နှစ်အရွယ် ဗြိတိန်သူလေး ရိုစီဟွန်နာ၊ Victoria's Secret မော်ဒယ်တွေဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ဂစ်ဆယ်လီဘန်ချန်နဲ့ အသက် ၂၄ နှစ်အရွယ် တိုနီဂန်းတို့နဲ့ တွဲခဲ့ဖူးပါတယ်။
နီနာနဲ့ လီယိုနာဒိုတို့ တွဲနေတာ ၄ လရှိသွားခဲ့ပါပြီ။ လီယိုဟာ နီနာ့ကိုပဲ လက်တွဲမလား၊ သူ့ရဲ့အကျင့်အတိုင်း မိန်းမချောလေးတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တွဲနေမှာလားဆိုတာကိုတော့ စောင့်ကြည့်မှပဲ သိမှာပါပဲ။
play

Source & Photos : the Sun