Breaking News

ဘာကြောင့် လည်ပင်းမှာ ဝက်ခြံတွေထွက်ရသလဲဆိုတာ



လည်ပင်းအသားအရေက မျက်နှာအသားအရေထက် များစွာထူပြီး အဆီပိုထုတ်ပေးပါတယ်။ ဒီအချက်ကြောင့် ကျောပြင်မှာ ဝက်ခြံတွေ ပိုပြင်းပြင်းထန်ထန်ပေါက်တတ်ပြီး ပြည်တည်အိတ်နဲ့ အဖုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

လည်ပင်းမှာ ဝက်ခြံဖြစ်ပွားတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက ယားယံမှုကြောင့်ပဲ ဖြစ်ပါတယ်။ လည်ပင်းအရေပြားနဲ့ ပွတ်မိတဲ့ ကော်လာပါ ရှပ်အင်္ကျီ၊ ဇာထိုးနဲ့ လည်ခွံပါဆွယ်တာတွေက လည်ပင်း ဝက်ခြံတွေ ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အဲဒီလို မပွတ်တိုက်မှုမိအောင် ကော်လာကျပ်ကျပ်တွေနဲ့ အထည်ကြမ်းကြမ်းတွေ ရှောင်ပါ။

နောက်တစ်ခုက ဆံပင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်နဲ့ ဗောက်တွေက လည်ပင်းမှာ ဝက်ခြံတွေ စတင်ဖြစ်ပွားစေနိုင်ပါတယ်။ ဒီဝက်ခြံတွေ မဖြစ်အောင်တားဆီးဖို့ ဝက်ခြံနဲ့ ဆံပင်အဆီပြန်မှု သက်သာပျောက်ကင်းစေမယ့် ဆံပင်ထိန်းသိမ်းပစ္စည်းတွေ ပြောင်းလဲအသုံးပြုပါ။

နောက်ဆုံးအချက်အနေနဲ့ ခေါင်းအုံး၊ ဘရာစီယာကြိုးညစ်ညစ်ပတ်ပတ်တွေနဲ့ ချွေးထွက်များခြင်းတို့က အဆီတွေ ထွက်စေနိုင်ပါတယ်။ ဒီဝက်ခြံဖြစ်ပွားမှုတွေ ကာကွယ်ဖို့အတွက် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ရေချိုးပြီး ခန္ဓကိုယ်ဝက်ခြံထိန်း salicylic acid နဲ့ ဆပ်ပြာတွေ အသုံးပြုပါ။

Credit :Trend Myanmar