Breaking News

ဦကိုနီလုပ်ကြံသတ်ဖြတ်မှု ဆက်စပ်တရားခံ နောက်တစ်ဦးကို ဖမ်းဆီးရမိ

play

ရှေ့ကိုဦးကိုနီကိုလုပ်ကြံခဲ့တဲ့ သေနတ်သမားကြည်လင်းကို နောက်ကွယ်က ကြိုးကိုင်တဲ့သူလို့ သံသယရှိတဲ့ ဗက (ခေါ်) ဦးအောင်ဝင်းဇော်ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်သတ်ခံရတဲ့ ဦးကိုနီအမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံအောင်ဝင်းဇော်ကို ပြစ်မှုဖြစ်ပွားပြီး ၁၂ နာရီအတွင်း ဇန်န၀ါရီ ၃၀ နံနက် ၄ နာရီ၂၀ မိနစ်မှာ  သံလွင်တံတား (ဘားအံ)မှာ ဖမ်းဆီးရမိခဲ့တယ်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်တာပါ။
play

ဒါ့အပြင် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းဖော်ထုတ်ရရှိတဲ့ အခြေအနေတွေပေါ်ကိုမူတည်ပြီး ပြည်သူတွေကို အသိပေး တင်ပြသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြည်သူတွေအနေနဲ့ နိုင်ငံရေးနဲ့ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုတွေကို အထူးသတိပြုကြဖို့နဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်တာတွေကို တွေ့ရှိရင် တာဝန်ရှိသူတွေထံကို အမြန်ဆုံးဆက်သွယ်ပေးဖို့ သမ္မတရုံးက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
Source & Photos : Myanmar President Office