Breaking News

ကလေးနှစ်ယောက်ထက် ပိုမွေးထားသူတွေ နှလုံးရောဂါဖြစ်နိုင်ခြေပိုများ

play

သင့်မှာ ကလေးနှစ်ယောက်ထက် ပိုပြီးရှိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားတယ်လို့ သုတေသနတစ်ခုက သတိပေးလိုက်ပါတယ်။ အိမ်ထောင်သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
play

ကလေးတစ်ဦးတည်းဆိုရင် မိဘတွေက ပိုပြီးဂရုစိုက် ကာကွယ်စောင့်ရှောက်နိုင်ပေမဲ့ ဒီ့ထက်များလာရင်တော့ ငွေကြေးပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါပြီ။ ကလေးနှစ်ယောက်ထက် ပိုများတဲ့အိမ်ဟာ အကုန်အကျလည်း ပိုများလာရတော့မှာပါ။ ဒါကြောင့်မို့လို့ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ ဒီလေ့လာမှုကို လူပေါင်း ငါးသိန်းနဲ့ ပြုလပ်ခဲ့တာဖြစ်ပြီး ကလေးများတဲ့သူတွေဟာ နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒီရောဂါဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှု အများဆုံးဖြစ်စေတဲ့ ရောဂါတွေအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။
ဒီသုတေသနကို ပြုလုပ်ခဲ့တဲ့ တရုတ်သုတေသီတွေက ကလေးနှစ်ဦးသာရှိတဲ့ မိဘတွေမှာ နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေဟာ ကလေးနှစ်ဦးထက်ပိုများတဲ့ မိဘတွေနဲ့ယှဉ်ရင် နည်းပါးကြောင်း ဖော်ပြခဲ့ပါတယ်။ ကလေးတစ်ဦးသာ မွေးထားမယ်ဆို မိဘတွေအနေနဲ့ ကလေးကိုရင်အုပ်မကွာ စောင့်ရှောက်ပျိုးထောင်နိုင်ပြီး အသက်ကြီးလာချိန်မှာ လူမှုရေးပိုင်းအထောက်အပံ့ကောင်းတွေ ရလာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီလိုရလဒ်မျိုးတော့ ရှိပေမဲ့ အမျိုးသမီးတွေအနေနဲ့ ကလေးယူခြင်းကို အားမပေးတာမျိုးတော့ မဟုတ်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ အဲ့ဒီအစား နောက်ထပ်သုတေသနတွေ ထပ်မံလုပ်သွားဦးမှာပါလို့လည်း ပြောကြပါတယ်။
Source : Mail Online  Credit :duwun