Breaking News

လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ရခြင်းအကြောင်း


ယနေ့ခေတ်လူတော်တော်များများနဲ့ လူငယ်အများစု မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတိုင်းမှာလက်ထပ် လက်စွပ်ကို ဘယ်ဖက် လက်သူကြွယ် မှာ ၀တ်ဆင်ကြပါတယ်။
သို့သော် ဘာဖြစ်လို့ အဲ့လက်မှာ ၀တ်ဆင်ကြလဲ၊ ဘယ်ရိုးရာယဉ်ကျေးမှုကဆင်းသက်လာသလဲ ဆိုတဲ့ မေးခွန်းတွေ ရှိနေကြပါတယ်။

ထိုအယူအဆကတော့လူတွေရဲ့  ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုစနစ် ဟာ အမှန်တကယ်လည်ပတ်လှုပ်ရှားနေတာကို တွေ့ ရှိခဲ့ခြင်းက စတင်ခဲ့တာဖြစ်ပါတယ်။ နှလုံးမှ စတင်စီးဆင်းတဲ့ သွေးကြောအားလုံးဟာ ဘယ်ဖက် လက်သူကြွယ်သို့ စီးဆင်းနေပြီး တစ်ဖန်ပြန်လည်ပတ်နေတာဖြစ်တယ်လို့ ယူဆတာဖြစ်ပါတယ်။ ထိုယူဆချက်ကို အခြေခံပြီး နှလုံးသားနှင့် တိုက်ရိုက်ဆက်သွယ်နေတဲ့ လက်သူကြွယ်မှာ ချစ်ခြင်းအထိမ်းအမှတ်အဖြစ် ဝတ်ဆင်တာဖြစ်ပါတယ်။

Credit :သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)