Breaking News

ပလေးဘွိုင်းမဂ္ဂဇင်းထဲမှာ ပါဝင်မယ့် ဟယ်ရီပေါ်တာမင်းသမီး စကားလတ်ဘန်း


အသက် ၂၆ နှစ်အရွယ် စကားလတ်ဘန်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရဲ့ ဆဌမမြောက်ဇာတ်ကားဖြစ်တဲ့ Harry Potter and the Half-Blood Prince ထဲမှာ Slytherin Pansy Parkinson အဖြစ်ပါဝင်ခဲ့ပါတယ်။

စကားလတ်ဟာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ ဓာတ်ပုံတစ်ပုံကို တင်ရင်း မကြာမီ ပလေးဘွိုင်းမဂ္ဂဇင်းထဲမှာ ပါဝင်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
"ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ မတ်/ဧပြီလထုတ် မဂ္ဂဇင်းမှာ ပါဝင်ရမှာဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူပါတယ်" လို့ သူမရဲ့ အဖြူအမည်း ဆက်စီဓာတ်ပုံအောက်မှာ စကားလတ်က ရေးသားထားပါတယ်။
play

ဇာတ်လမ်းတွဲကြိုက်သူတွေကတော့ သူမဟာ  The Vampire Diaries မှာ  Nora Hildegard အဖြစ်လည်းကောင်း၊  Falling Skies မှာ Lexi အဖြစ်လည်းကောင်း ပါဝင်ထားတာကို သိရှိကြပါတယ်။
စကားလတ်ဟာ ပလေးဘွိုင်းမဂ္ဂဇင်းရဲ့သူဌေးကြီး ဟူ့ခ်ျဟက်ဖနာရဲ့သား အသက် ၂၅ နှစ်အရွယ် ကူပါနဲ့လည်း စေ့စပ်ထားတာ ဖြစ်တဲ့အတွက် မိသားစုစီးပွားရေးလုပ်ငန်းထဲကို သူမလည်း တတပ်တအားပါဝင်လာပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
play

သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်က စေ့စပ်ခဲ့တာဖြစ်ပြီး "ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်သူဖြစ်ခွင့်ရတဲ့အတွက် ကျွန်မကံကောင်းတယ်" လို့ အဲဒီတုန်းက စကားလတ်က ပြေခဲ့ဖူးပါတယ်။
ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ ဖန်တီးမှုပိုင်းမှာ တာဝန်ယူထားရတဲ့ ကော့ပါဟာ ဟက်ဖနာရဲ့အငယ်ဆုံးသားဖြစ်ပြီး သူနဲ့ သူ့ရဲ့ညီ မာစတန်ကို ဟက်ဖနာရဲ့ဒုတိယဇနီး ကင်ဘာလေကွန်ရက်ဒ်က မွေးဖွားခဲ့တာပါ။
play

Source & Photos : the Sun  Credit :duwun