Breaking News

ဝမ်းဗိုက်ချပ်ရပ်စေဖို့အတွက် အကောင်းဆုံး အိပ်စက်ခြင်းပုံစံက ဘယ်လိုဖြစ်လိမ့်မလဲ




ဝမ်းဗိုက်ချပ်ရပ်လိုသူတွေနဲ့ ကိုယ်အလေးချိန်လျှော့ချလိုသူအများစုဟာ အသစ်အသစ်သော နည်းလမ်းတွေကို အမြဲတမ်းရှာဖွေနေကြပါတယ်။ သင် လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရရှိဖို့အတွက် အစားအသောက်ပုံစံအပြင် အိပ်စက်ခြင်းပုံစံဟာလည်း အရေးကြီးပါတယ်။

ဘေးစောင်း အိပ်စက်ခြင်းဟာ ၀မ်းဗိုက်ချပ်ရပ်စေဖို့အတွက် အကောင်းဆုံးအိပ်စက်နည်းပုံစံဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အက်ဆစ်ဓာတ်ကို အလွယ်တကူ လျော့ပါးစေနိုင်ရုံသာမက သင်လိုချင်တဲ့ ကိုယ်ခန္ဓာအချိုးအဆစ် ရရှိဖို့ အထောက်အကူပြုနိုင်မှာပဲဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ သင့်ရဲ့ ကျောရိုးတွေကို ဆန့်ထုတ်ပြီးတော့ အိပ်စက်ခြင်းဟာလည်း ၀မ်းဗိုက်ချပ်ရပ်စေဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ၀မ်းလျားမှောက်အိပ်စက်ခြင်းဟာ ၀မ်းဗိုက်ချပ်ရပ်စေဖို့အတွက် အကောင်းဆုံး အိပ်စက်နည်းပုံစံပဲဖြစ်ပါတယ်။ ။

Credit :Trend Myanmar