Breaking News

သွေးဆုံးရှုံးပြီးနောက် စားပေးသင့်တဲ့ အစားအစာများ



ထိခိုက်ဒဏ်ရာရမှု၊ ခွဲစိတ်မှု သို့မဟုတ် အခြားကိစ္စတစ်ခုခုကြောင့် သွေးဆုံးရှုံးမှုကို အတတ်နိုင်ဆုံး ပြန်အစားထိုးဖြည့်ပေးဖို့ လိုအပ်ပါတယ်။ သွေးထုတ်လုပ်မှုတိုးမြင့်ပေးတဲ့ ဆေးဝါးတွေ ဝယ်ယူရနိုင်ပေမယ့် ဆုံးရှုံးသွားတဲ့ သွေးပမာဏကို ပြန်အစားထိုးပေးဖို့ ဆေးဝါးတွေ မှီခိုအားထားခြင်းထက် အခြားနည်းလမ်းတွေ ရှိပါတယ်။ သွေးဆုံးရှုံးတယ်ဆိုတာ သံဓာတ်ပမာဏလျှော့ကျနေတာလည်း ဖြစ်ပါတယ်။ ဒီလို ဆက်ဖြစ်နေတဲ့အခါ သွေးအားနည်းရောဂါ သို့မဟုတ် သံဓာတ်ချို့တဲ့မှု အန္တရာယ်ရှိပါတယ်။ ကံအားလျှော်စွာနဲ့ သွေးထဲက ဆဲလ်တွေ တိုးမြင့်ဖို့ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီအစားအသောက်တွေကို သင့်နေ့စဉ်ပုံမှန်အစားအစာအဖြစ် ရွေးချယ်စားသုံးခြင်းဖြင့် သွေးစီးမှုပိုမိုများပြားလာပါလိမ့်မယ်။

၁။ အသား၊ ငါး နဲ့ အသားစားကြက်/ဘဲ

ခန္ဓာကိုယ်အတွင်း သံဓာတ်တိုးမြင့်ခြင်းနဲ့ ပတ်သက်လာရင် အကောင်းဆုံးနည်းလမ်းက ကြက်၊ဘဲ၊ ငါး နဲ့ အသားတွေဖြစ်ပြီး အသီးအရွက်အခြေခံအစားအသောက်တွေထက်စာရင် ခန္ဓာကိုယ်ကနေ သံဓာတ်ပိုစုပ်ယူပါတယ်။

၂။ အုန်းရည်

တကယ်လို့ သွေးလှူတယ်ဆိုရင် သွေးပြန်အစားထိုးဖို့ အမြန်ဆုံးနည်းလမ်းတွေထဲက တစ်ခုက အုန်းရည်သောက်ခြင်းပဲ ဖြစ်ပါတယ်။ အုန်းရည်မှာ ပါရှိတဲ့ ပိုတက်ဆီယမ်ဓာတ်က ဆုံးရှုံးသွားတဲ့ သွေးပမာဏကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၃။ နို့ထွက်ပစ္စည်းအချို့

ပဲနို့၊ နွားနို့၊ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတို့မှာ ဗီတာမင် B1 နဲ့ B12 ပါဝင်တာကြောင့် သွေးပြန်ဖြည့်ပေးဖို့ လိုအပ်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။

၎။ အခွံမာသီတွေနဲ့ သီးနှံတွေ

သက်သတ်လွတ်သမားတွေအတွက် မိမိနေ့စဉ်ပုံမှန်အစားအစာထဲမှာ ပဲ၊ ပဲတောင့်ရှည်၊ ဂျုံစပါးနဲ့ အခွံမာသီး ထည့်ပေးတာက သွေးပြန်ဖြည့်တင်းပေးမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီအစားအစာတွေမှာ သွေးနီဆဲလ်တွေ ပိုမိုထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်၊ ဗီတာမင် B နဲ့ ဖောလ်လိပ်ပမာဏ ကြွယ်ဝစွာပါဝင်ပါတယ်။


Credit :Trend Myanmar