Breaking News

အကယ်ဒမီ မမှန်းရဲသေးဘူးဆိုတဲ့ ပိုင်ဖြိုးသု

play

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ ၂၀၁၆ခုနှစ်အကယ်ဒမီပေးပွဲမှာ ဆုရရှိဖို့ ပရိသတ်တွေ ခန့်မှန်းထားသူ တစ်ဦး ဖြစ်ပါတယ်။ သူမကတော့ ဒါရိုက်တာ ဦးမီးပွား ရိုက်ကူးထားတဲ့ အေဒင်ရဲ့နတ်သမီး ရုပ်ရှင်ဇာတ်ကားနဲ့ ဆုရမယ်လို့ ပရိသတ်တွေရဲ့ ကယ်ဒမီပေးခြင်းကို ခံရသူ တစ်ဦး ဖြစ်ပါတယ်။
အဲ့ဒီဇာတ်ကားမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ သားညီ၊ မေဂရေ့စ်ပယ်ရီ၊ ပိုင်ဖြိုးသု၊ ဝင်ယမှုံလှိုင်နဲ့ မာရီကိုးလ်အပြင် မြနှင်းရည်လွင်တို့က ပါဝင်သရုပ်ထားပါတယ်။ ပရိသတ်တွေကတော့ အကယ်ဒမီ မှန်းပေးကြပေမယ့် သူမကိုယ်တိုင်ကတော့ အကယ်ဒမီဆုကို မမှန်းရဲသေးပါဘူးလို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုထားပါတယ်။
play

သူမရဲ့ ရှေ့မှာ ဝါရင့် သရုပ်ဆောင်တွေအများကြီး ရှိနေတာကြောင့် အကယ်ဒမီမမှန်းရဲသလို အကယ်ဒမီဆိုတာ အလှမ်းဝေး ပါသေးတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို သိရတဲ့အတွက် ကြိုးစားဖို့ အားတွေအများကြီး ရှိသွားပါပြီလို့လည်း ယင်းအင်တာဗျူးမှာ  ဖြေဆိုထားပါတယ်။ အဲ့ဒီဇာတ်ကားနဲ့လည်း သူမနဲ့အတူတူရိုက်ကူးခဲ့တဲ့ မေဂရေ့စ်ပယ်ရီက သူမကို အကယ်ဒမီ ရစေချင်တယ်လို့လည်း အင်တာဗျူး တစ်ခုမှာ ဖြေဆိုထားဖူးပါတယ်။
play

ပိုင်ဖြိုးသုကတော့ လက်ရှိမှာ ဇာတ်ကားတွေဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေတဲ့ ပိုင်ဖြိုးသုကတော့ အချစ်ရေးကလည်း အေးအေးဆေးဆေးပဲလို့ သိရပါတယ်။ သူမရဲ့ ချစ်သူဟာ အနုပညာလောကထဲက ဖြစ်ပြီး နားလည်မှုရှိတဲ့ အတွက် အေးအေးဆေးဆေးပဲပါလို့ ဆိုပါတယ်။ ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာသူလည်း ဖြစ်ပါတယ်။ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါပြီ။
Credit :duwun