Breaking News

သင့်ဖုန်းက သင့်ကို အရွယ်ကျစေတဲ့ အကြောင်းအရင်း



သင့်လက်ကိုင်ဖုန်းက သင့်ကို နည်းလမ်းများစွာနဲ့ ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ အပေါင်းအသင်း ပိုတိုးစေပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပိုရစေတယ်၊ မိမိကျန်းမာရေးမျှော်မှန်းချက်တွေ ခြေရာခံစောင့်ကြည့်နိုင်ပြီး ပိုမိုလျင်မြန်စွာ အိပ်မောကျစေနိုင်တယ်။ အိမ်တွင်းကိုယ်ကာယလေ့ကျင့်ခန်း ဗီဒီယိုမျိုးစုံရယူနိုင်တဲ့နေရာအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းသုံးတာ မကောင်းတဲ့ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဲ့ဒါကတော့ သင့်ကို အရွယ်ကျ စေတာပါပဲ။ ဘယ်လို ကျစေသလဲ။

လုပ်ငန်းခွင်မှာ ကွန်ပျူတာကို တစ်နေကုန်စိုက်ကြည့်ပြီးနောက် လည်ပင်းညောင်းညာကိုက်ခဲမှုဝေဒနာနဲ့ ရင်းနှီးကောင်း ရင်းနှီးနေပါလိမ့်မယ်။ ကွန်ပျူတာ သို့မဟုတ် ဖုန်းစခရင် ကြည့်တိုင်း ကျွန်ုပ်တို့ လည်ပင်းနဲ့ ပခုံးဟာ ဝေဒနာအနည်းငယ်ခံစားနေရတာပါ။ ခန္ဓာကိုယ်ပေါ်တက်ရောက်တဲ့ တွန်းဖိအားက အရိုးနုကို ထိခိုက်စေပြီး ကြွက်သားတွေ ညောင်းညာစေနိုင်ပါတယ်။ ဒီတော့ ကျွန်ုပ်တို့ အများစု မိမိဖုန်းနဲ့ အချိန်ဘယ်နှာနာရီကုန်ဆုံးစေလဲ စဉ်းစားသာ ကြည့်လိုက်တော့။

လည်ပင်းအရေပြားကို အဆက်မပြတ် ခေါက်ထားခြင်းက အရွယ်မတိုင်မီ လည်ပင်းအရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ထိုင်ခုံမှာ ခေါင်းမီ ထိုင်၊ ခေါင်းမတ်မတ်ထားပြီး ဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာ အသုံးပြုခြင်းက tech neck ခေါ် လည်ပင်းအရေးအကြောင်းနဲ့ လည်ပင်းအရေပြားလျော့ရိလျော့ရဲဖြစ်မှု ကာကွယ်ပေးနိုင်ပါတယ်။

Credit :Trend Myanmar