Breaking News

အိပ်ရေးဝဝအိပ်ခြင်းက အမျိုးသမီးတွေမှာ လိင်မှုကိစ္စယာသာမှု ပိုရစေ



အိပ်ချိန်လုံလုံလောက်လောက်ရရှိခြင်းက အချိန်ကြာကြာ စိတ်ကျေနပ်ဖွယ်လိင်မှုကိစ္စ အကျိုးခံစားရရှိဖို့ လိုအပ်တဲ့အချက် ဖြစ်တယ်လို့ အမျိုးသမီးအယောက် ၉၃,၀၀၀ ပါဝင်တဲ့ သုတေသနအသစ်တစ်ခုက ဖော်ပြထားပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာ တိုတောင်းတဲ့အိပ်ချိန်၊ မျက်စိကြောင်ပြီး အိပ်မရပြသနာမြင့်မားခြင်းနဲ့ လိင်မှုကိစ္စဆောင်ရွက်နိုင်မှု လျော့နည်းခြင်းတွေကြား အချင်းချင်း ဆက်နွယ်မှုကို ယင်းလေ့လာမှုက အခိုင်အမာ ပြောဆိုထားပါတယ်။

တိုတောင်းတဲ့ညအိပ်ချိန်က လိင်မှုကိစ္စပျော်ရွှင်မှု ပိုမိုလျော့နည်းစေကြောင်း အသက် ၅၀ ကနေ ၇၉ ရှိအမျိုးသမီး ၉၃,၆၆၈  ယောက်ကို လေ့လာစစ်ဆေးတဲ့ ဒေတာအချက်အလက်တွေကနေ တွေ့ရှိခဲ့ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေ တစ်ညအိပ်ချိန် ၇ - ၈ နာရီထက် နည်းပါက လိင်မှုကိစ္စစိတ်ဝင်စားမှု ပိုမိုလျှော့နည်းနိုင်ဖွယ်ရှိတယ်လို့ North American Menopause Society စာစောင်မှာ ဖော်ပြထားပါတယ်။

အရင်က တစ်နေ့ ၅ နာရီထက် ပိုမအိပ်ခဲ့တဲ့ အသက် ၇၀ ကျော် အမျိုးသမီးတွေဟာ ၇နာရီကနေ ၈နာရီ အိပ်တဲ့ အမျိုးသမီးတွေထက် လိင်မှုကိစ္စစိတ်ဝင်စားမှု ၃၀% ပိုမိုလျော့နည်းကြပါတယ်။


Credit :Trend Myanmar