Breaking News

လူတိုင်း၏ အသည်းနှလုံးကို အစိမ်းလိုက် ကွဲကြေစေခဲ့သည့် ပူပူနွေးနွေး ဖြစ်ရပ်မှန် မနေ့ကဖြစ်ခဲ့တာပါ ဖတ်ဖြစ်အောင်ဖတ်ပါ မုသားတောင်ထိပ်က လိမ့်ကျခဲ့သူ


စာရေးဆရာ-မင်းသွေးငယ်(ရာမညမြေ)
မှတ်မိပါသေးသည်။
ကျွန်တော် စစ်တက္ကသိုလ်ဗိုလ်လောင်းဘဝ
ကျွန်တော် တစ်ပတ်တစ်ခါ Outpass ထွက်ချိန်
ဧည့်တွေ့ချိန်များဆိုသူမက အိမ်ကပိုင်သမျ
Brand New ကားကြီးကားငယ် အသွယ်သွယ်နဲ့
ကျွန်တော့်ကို လာကြိုနေကျ ဒေါက်မြင့်လေးတကြွကြွနဲ့
အိတင်းကျစ်ထုံးနေအောင် စေ့ထားတဲ့
နှင်းဆီရောင်နှုတ်ခမ်းလွှာ ၂ ခုကြားက
ထွက်ထွက်လာတတ်တဲ့အသံ
မောင်ရေ
ချစ် မောင့်ကိုလာကြိုတာ ကားပေါ်တက်
မောင်စိတ်တိုင်းကျ ဆိုင်မှာစားမယ်
မောင် ဘာစား ဘယ်သွား ဘာဝယ်ချင်းတုန်းပြော
ချစ် အကုန်လုပ်ပေးမယ်
တစ်ခုတော့ရှိတယ် ချစ်နဲ့မောင်တို့ ဘယ်ဘဝ
ရောက်ရောက် မခွဲကြေးနော်တဲ့
"အေးပါကွ ချစ်ရ"ဟု ကျွန်တော်ကဆိုတော့
မောင်က ယောကျား ယောကျားထဲက စစ်သား
မောင့်ကတိတည်ပါစေနော်တဲ့
တစ်မောင်တည်း မောင်နေတတ်တဲ့ သူမထက်
ကျွန်တော့်၏ ဆင်းရဲသားကျောမွဲဘဝကို
စာနာတတ်သည့် သူမကို ကျွန်တော်ပို၍ တန်ဖိုးထားသည်။ လေးစားသည်။ချစ်ခင်သည်။
သူ့နာမည်က ဧကရီမမ
အများကြားမှာတော့ အာဏာရဘုရင်မပေါ့
ကျွန်တော်ကျမှ အရည်ပျော်ကျတယ်ဆိုပဲ
ပြီးတော့ သူ့ဝသီလေးတစ်ခုက
ဗိုလ်ကတော်ရူး သိပ်ရူးတာ
ရူးပေါ့ ဧကရီရယ် ဧကရီက မိန်းမသားပဲ
ပြီးတော့ အများနဲ့မတူ တမူထူးတဲ့အလှပိုင်ရှင်ကိုး
တခါတခါ သူ့ကိုယ့်သူ "မောင်
ချစ် ကတော်ရုပ်ပေါက်ရဲ့လား ခ်ခ်"လို့ မေးမေး
နေတော့ မနားတမ်း ဖြေဖြေပေးရတာအမော
ရုပ်ကလည်း ညိုသလောက် ချောတာကိုး
သူက ကျွန်တော့်ရဲ့တစ်ဦးတည်းသော ချစ်သူပေါ့
ချစ်သူဆိုပေမယ့်
တခါတခါ သူဟာ အရှင်သခင်
တခါတခါ သူဟာ မိခင်
တခါတခါ သူဟာ မိတ်ဆွေ
တခါတခါကျတော့လည်း ကျွန်တော့်ဘဝကို
ရှယ်ယာအများဆုံးထည့်ထားတဲ့
ရှယ်ယာပိုင်ရှင်လို ပုံစံမျိုး
သူဆိုးပါစေလေ ကိုကချစ်တာကိုး
ကျောင်းဆင်းပြီး မကြာမီ သူချစ်ကိုယ်ချစ်
နှစ်ကိုယ့်တစ်စိတ်ဘဝ ထူထောင်ရမှာဆိုတော့
ကျွန်တော်ပျော်တာပေါ့
ဒီလိုနဲ့ သူနဲ့ကျွန်တော်
အေးမြတဲ့ဆောင်းရက်လေးတစ်ရက်
သတ်သတ်မှတ်မှတ်ရွေး မင်္ဂလာနံနက်ခင်းလေးပေါ့
မြန်မာပြည်ရဲ့အကောင်းဆုံးဟိုတယ်တစ်ခုမှာ
သူ့စိတ်တိုင်းကျ ကျကျနန တခမ်းတနားစေ့စပ်
ခဲ့ပါတယ်
စေ့စပ်ပွဲပြီးလို့ မကြာလှပါဘူး
တပ်မတော်သားဘဝ မင်းခယောကျား
ကမ်းနားသစ်ပင်လေ ကျွန်တော် ကချင်ပြည်နယ်ဘက်ကို ရှေ့တန်းပါပါလေရော
ဒီတစ်ကြိမ်တိုက်ပွဲဟာ စစ်ကြောင်းတစ်ခုလုံး
အချိန်တော်တော်ကြာကျားကုတ်ကျားခဲ တိုက်ရတဲ့
တိုက်ပွဲ
ကျွန်တော် အားခဲပြီး တိုက်တယ် ထပ်တိုက်တယ်
အပြန်မှာ ကိုယ့်မိဘရော ကိုယ်ချစ်တဲ့သူနဲ့ပါတွေ့ရမှာပဲလေ ပေပေတေတေ တိုက်ရကျိုးလည်းနပ်ပါပေ့
ရှေ့တန်းပြန်ချိန်ဆိုတာ
အသက်ပါချင်လည်းပါမယ် ပါချင်မှလည်းပါမယ်
ဖျားနာကျိုးကန်းလည်း ဖြစ်ချင်ဖြစ်မယ်
ကျွန်တော်တို့က ကံကြမ္မာကို ရွေးချယ်ခွင့်မရှိဘူး
ရွေးခွင့်ဆိုလို့ တိုးတိုးဖော်ပဲရှိတယ်
မကြာသေးမီက Gun Shot နဲ့ မျက်လုံး
နှစ်ဖက်လုံးကွယ်ရှာလို့ ဆေးပင်စင်ယူသွားရတဲ့အရာရှိတစ်ယောက်ဆို အရမ်းသနားဖို့ကောင်းတယ်
ဒါပေမယ့်ဇနီးဖြစ်သူကမငြူမစူ မယားဝတ္တယားဟူ၍
မပြတ်သစ္စာတရားတွေနဲ့ အသက်ဆက်ခဲ့တာ
ခုချိန်ထိပါပဲ
တော်ပါသေးရဲ့ ကျွန်တော့်မှာ အမြင်မပျက်မယွင်းရှိ
နေသေးလို့ကျွန်တော် ပျော်လိုက်တာ
ဒီထက်ပျော်ချင်သေးတယ်အပျော်တွေကို
အစွမ်းကုန်ဖျစ်ညှစ်ထုတ်တယ်
ထွက်မလာဘူး
ထွက်မလာတဲ့ အပျော်တွေကို အားငယ်ငယ်နဲ့
ထွက်လာနိုးစောင့်နေရင်း
********************
အရှင်လတ်တတ် နှလုံးသားတည့်တည့်
အက်ဆစ်နဲ့ ထိုးသွင်းခံလိုက်ရတယ်
အခုနေ ကျွန်တော့်အသွေးအသားတွေ
မနာမကျင် အမှုန့်အဖြစ်ပြောင်းသွားရင် သိပ်ကောင်းမှာပဲ
ခင်ဗျားတို့သာ စဉ်းစား ကြည့်ကြပါတော့
ကျွန်တော့်ချစ်သူက ဒီနှစ်ကုန်မှာလုပ်မယ့်
သူနဲ့ကျွန်တော်တို့ရဲ့ လက်ထပ်ပွဲကို
သူတို့ဘက်က ဖျက်တယ်တဲ့ဗျာ
ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ
သူမအဖြေက ရှင်းပါသည်
** ** ** ** ** ** ** ** **
ရှင့်မှာ စေ့စပ်တုန်းက အကောင်း
ပြန်လာတော့ ခြေတစ်ဖက်ပါမလာလို့တဲ့ဗျာ
"တောက်" ရက်စက်လိုက်တာ ဧကရီရယ်
ဗိုလ်လောင်း ဘဝကတည်းက ကျောင်းရှေ့ထိ
ဗိုလ်လောင်းဆောင်ထဲ တရွေ့ရွေ့ဝင်နေတဲ့
ကျွန်တော့်အရိပ်ပျောက်တဲ့အထိ
မျက်တောင်မခတ်တမ်း ငေးဆဲ တွေးဆဲ
သည်းသည်းလှုပ်ချစ်ပြခဲ့တော့လည်းသူပါပဲ
ကားကြီးကားငယ်တွေနဲ့ လာကြို
ကျွန်တော့်လို တောသားအရိုင်းလေးကို
ကပိုယလိုချစ်ပြခဲ့တာလည်းသူပါပဲ
သူမက အခု ကျွန်တော်ဆိုတဲ့ ခြေတစ်ဖက်မရှိတော့တဲ့ ဒုက္ခိတချစ်သူကို မပေါင်းနိုင်တော့ဘူးတဲ့လေ
အေးလေ လူပုံအလယ် ပွဲလယ်မှာမှ
မတင့်နိုင်တော့တာကိုး
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်လို့
မင်းဘက်က ပြောချင်ပြောမယ်
ဒါပေမယ့် ဟောဒီလက်ခုပ်ဟာ
ငါမတီးတတ်ခင်ကတည်းက
မင်းက သင်ပေးခဲ့တာတော့ မင်းဝန်ခံလိုက်ဧကရီ
ရွာက စိတ်နာနာနဲ့ထွက်
ပညာကို မာနထက်ထက်နဲ့ ကြိုးစားခဲ့တဲ့ငါ
ဒါတွေကိုပစ်ပြီး မင်းကိုချစ်မိခဲ့တာကွ
မင်းသာ ငါ့ကိုအသေမုန်းနေ
ခုဆို ရွာက ငါ့ဆွေမျိုးမိဘ
ငါ့ အသက်ပြန်ပါလာမယ့်အချိန်
တယုတယ အားခဲပြီးစောင့်နေကြတုန်း
မြေးချီချင်လှတဲ့ ၅၀ ကျော် ငါ့အမေအိုကို
ငါဘယ်လိုပြောရမလဲ
လက်ထပ်ပွဲမှာ ရှိစုမဲ့စုရာဘာခြံလေးရောင်းပြီး
မင်းမိဘနဲ့တန်းတူမယှဉ်နိုင်တောင် အနှိမ်မခံရရေး
အရှက်ပြေလေး လက်ဖွဲ့ပေးပါ့မယ်သားရယ်ဆိုပြီး အားခဲထားတဲ့ ငါ့အဖေကို ငါဘယ်လိုပြောရမလဲ
ဒီမှာ ဧကရီ
လူဆိုတာ ခံစားတတ်တဲ့ နှလုံးသားရှိတယ်
ငါဟာ မင်းသုံးပြီး နည်းနည်းလေး တိုနသွားတာနဲ့
အမှိုက်ပုံးထဲ ပစ်ပစ်ထားတတ်တဲ့ မင်းရဲ့တစ်ခါသုံး
နှင်းဆီရောင် နှုတ်ခမ်းနီတောင့်မဟုတ်ဘူး
ဆော့ချင်တိုင်းဆော့ အားကုန်တော့ ကြုံရာနေရာမှာ
ပစ်ချင်တိုင်းပစ်ထားလို့ရတဲ့ သံပတ်ပေးအရုပ်တစ်ရုပ်
မဟုတ်ဘူး
ရွှံ့စေးနဲ့လုပ်ထားတဲ့ ချိုးရုပ်လေးတွေတောင်
တကူကူးနဲ့ အော်တတ်သေးတာပဲ
ငါဟာ ခံစားတတ်တဲ့ သွေးသားနဲ့
လူသားနှလုံးသားပိုင်ရှင်ပါ
*************************************
တကယ်တော့ ဧကရီ
မင်းဟာ ငါ့ကို လက်ထပ်ချင်တာမှမဟုတ်ဘဲ
ငါ့ပုခုံးပေါ်က အပွင့်တွေ
ငါ့ကိုယ်လက်အဂါင်္တွေနဲ့ပဲ
လက်ထပ်ချင်ခဲ့တဲ့သူ
ဝဋ်ကြွေးရှိရင် ကျေပါစေတော့ ဧကရီ
*************************************
သြော်--လောက---လောက-----
မေတ္တာပေးတိုင်းလည်း မေတ္တာမရ သူ့ဘဝ
ဤလောကတွင် ဧကရီ့လို မိန်းကလေးမျိုး
လူမသိ သူမသိ မည်မျှရှိနေပါမည်နည်း
လောကတွင် ငါ့မာန ငါ့အတ္တ ငါ့သိက္ခာ ငါ့ရိက္ခာ
ငါ ငါ ငါ ဟူသည့် အတ္တမီးများ ကြီးစိုးလာသောအခါ
" ငါ " သာမက ငါနှင့်စပ်ဆိုင်သမျှ အရာအားလုံး"ကို အကြိမ်ကြိမ် ပြာကျစေနိုင်သည်ကိုတော့ ဧကရီ
အပါအဝင် မိန်းမသားများသိစေချင်လွန်းလှသည်တော့အမှန်--------
***********************************
ခုချိန်ဆို ကောင်မလေးကတော့ ပြုံးချင်ပြုံးနေမယ်
ကောင်လေးခမျာတော့ ဆေးရုံမှာ
ဆေးကုသခံနေရတုန်း-----
မှတ်ချက်။ ။ဤဖြစ်ရပ်သည် နယ်မြို့လေးတစ်မြို့တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်ဖြစ်ပါသည်သင်ခန်းစာယူနိုင်ဖို့တင်ပြပေးခြင်းဖြစ်ပါ၏
(ကောင်လေးပုံကို ကာယကံရှင်ထံမှ ခွင့်ပြုချက်ရယူ၍ ကိုယ်တိုင် ကြည်ဖြူ စွာခွင့်ပြု၍ တင်ထားခြင်းဖြစ်ပြီး
ကောင်မလေးပုံကတော့ ကျင့်ဝတ်(Ethic)အရ
ပုံလွှဲထားပါကြောင်း)
(ပထမဆုရ ဝတ္ထုတိုလည်းဖြစ်၏)
ဦးနှောက်ဖြင့်နာယူ၍ နှလုံးသားဖြင့် ခံစားကြပါကုန်
************************************
လူသားချင်းစာနာတတ်သည့် အနုပညာနှလုံးသားဖြင့်
Share ပေးကြပါကုန်
************************************
စာရေးဆရာ
မင်းသွေးငယ်(ရာမညမြေ)
နိုင်ငံတော်နှင့် အာဆီယံအဆင့်စာပေဆုများရှင်
ရောဂါဗေဒဌာန