Breaking News

အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးဆိုတာ ပြသလိုက်တဲ့ ကိတ်မော့စ်

စူပါမော်ဒယ် ကိတ်မော့စ်ဟာ အသက် ၄၃ နှစ်အရွယ်မှာ သူမရဲ့ခန္ဓာကိုယ်ကို ဂုဏ်ယူစွာ ပြသခဲ့ပြီး သူမရဲ့အလှကို အရွယ်က မဖျက်ဆီးနိုင်ကြောင်း ပြသလိုက်ပါတယ်။
play

ကမ္ဘာကျော်မော်ဒယ် ကိတ်မော့်စ်ဟာ W မဂ္ဂဇင်းအတွက် ဆွဲဆောင်မှုအပြည့်ပါတဲ့ ဓာတ်ပုံကို ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလထုတ် W မဂ္ဂဇင်းကာဗာအတွက် ကိုယ်ဟန်ပြပေးဖို့ တောင်းဆိုခံရတဲ့ နာမည်ကျော် မော်ဒယ် ၅ ဦး ရှိပေမဲ့ သူမရဲ့ဓာတ်ပုံတွေကတော့ စိတ်ဝင်စားခံရဆုံးဖြစ်လာမှာ သေချာပါတယ်။
play

သူမနဲ့အတူ နယ်ပယ်အသီးသီးက ဆယ်လီအမျိုးသမီးများစွာ ပါဝင်ပေမဲ့ သူမတစ်ဦးတည်းကသာ ခန္ဓာကိုယ်တစ်ခုလုံး လှစ်ဟပြခဲ့တာ ဖြစ်ပါတယ်။
play

W မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်မဲ့ တခြားအမျိုးသမီး ၄ ဦးကတော့ အသက် ၄၇ နှစ်အရွယ် ဂျနီဖာလိုပက်စ်၊ အသက် ၆၁ နှစ်အရွယ် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Donatella Versace၊ အသက် ၄၆ နှစ်အရွယ် မင်းသမီး Taraji P. Henson နဲ့ အသက် ၃၉ နှစ်အရွယ် မင်းသမီး Jessica Chastain တို့ ဖြစ်ပါတယ်။
play
သူတို့အားလုံးဟာ ဆက်စီကျလှတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပေမဲ့ ကိတ်မော့စ်လိုတော့ တကိုယ်လုံး ပြထားတာ မဟုတ်ပါဘူး။ မပြလိုတာလား ဒါမှမဟုတ် ကိတ်မော့စ်ကပဲ သူမရဲ့ခန္ဓာကိုယ်အလှအပေါ် သူများတွေထက်ပိုပြီး ယုံကြည်မှုရှိနေတာပဲလား။
Source & Photos : Mirror