Breaking News

အဆိုတော်တစ်ယောက်နဲ့သတင်းကြီးခဲ့တဲ့ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ဟပြောပြလာတဲ့ ဧငြိမ်းဖြူ





ရေဒီယိုကတ်ဆက်ခွေဇာတ်လမ်းတိုလေးတွေအပြင် ဗီဒီယိုကားတစ်ချို့မှာပါ သရုပ်ဆောင်ခဲ့ဖူးသူကတော့ ဧငြိမ်းဖြူပါ။ ကကြီးရေက ဇာတ်လမ်းတိုနဲ့လူသိများခဲ့ပြီး အိပ်ရေးမပျက်စေနဲ့သီချင်းကို Cover Song လုပ်ကပြခဲ့တဲ့အချိန်မှာ ပရိသတ်တော်တော်များများ လက်ခံလာခဲ့သလို အဆိုတော်တစ်ယောက်နဲ့တွဲနေတယ်ဆိုတဲ့ သူမရဲ့အချစ်ရေး လူမှုကွန်ယက်တွေပေါ် ပျံ့နှံ့ခဲ့တဲ့အချိန်မှာ သူမကို အတော်များများသတိထားမိသွားပါပြီ။ ဒါ့အပြင် အဆိုပါအချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ သူမရဲ့ စိတ်ခံစားချက်နဲ့လက်ရှိမှာ လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ညီမ အခု ရေဒီယိုကတ်ဆက်ခွေဇာတ်လမ်းတိုလေးရိုက်ဖြစ်နေတယ်။ တခြားဓာတ်ပုံလေးတွေလဲရိုက်ဖြစ်နေတယ်။ နောက်ပြီး ၁၁ ရက်နေ့ညအမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မဲ့ Laural Art Academy ၅ နှစ်ပြည့်နဲ့မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြို ရုပ်ရှင်ဇာတ်ဝင်တေးဂီတ ဖျော်ဖြေပွဲအတွက် ရီဟာဇယ်တွေလုပ်နေပါတယ်။ ပြဇာတ်တွေတိုက်နေပါတယ်။

-ကတ်ဆက်ခွေ ဇာတ်လမ်းတိုအနေနဲ့ရိုက်ထားတာကရော ဘယ်နှခုလောက်ရှိပြီလဲ။

၂၀ ကျော်လောက်တော့ရှိပြီ။ အဲ့ဒီထဲမှာ ပရိသတ်တွေသိသွားပြီး လက်ခံလာတာကတော့ ကကြီးရေက ဆိုတဲ့ ဇာတ်လမ်းတိုလေးပါ။

-ကတ်ဆက်ခွေဇာတ်လမ်းတိုမရိုက်ခင်ကရော အနုပညာလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်ခဲ့လဲ။

ညီမအရင်တုန်းက အကကဖြစ်တယ်။ ညီမ ကလေးအရွယ်ကတည်းက ကခဲ့တယ်။ အနုပညာလောကထဲကို စ၀င်တဲ့အချိန်မှာ ကိုနိုင်းနိုင်းနဲ့မှော်ဝင်နတ်ဆိုးဆိုတဲ့ကားလေးရိုက်ဖြစ်တယ်။ နောက်ပြီး ဒါရိုက်တာသီတာလင်းရိုက်တဲ့ မင်းနဲ့တူတူဆိုတဲ့ဗီဒီယိုကားလေးကိုလဲ Laural Art Academy က အစ်မတွေနဲ့အတူတူရိုက်ဖြစ်တယ်။ အဲ့ဒါပြီးမှ ကတ်ဆက်ခွေဇာတ်လမ်းတိုလေးတွေရိုက်ဖြစ်တာပါ။

-ဗီဒီယိုတွေလဲ ရိုက်ဖူးတယ်ဆိုတော့ ကတ်ဆက်ခွေဇာတ်လမ်းတိုရိုက်တာနဲ့က ဘယ်လိုကွာခြားမှုရှိလဲ။

ဗီဒီယိုတွေကတော့ ကိုယ့်အသံနဲ့ကိုယ်သရုပ်ဆောင်ရတဲ့အတွက် လွတ်လွတ်လပ်လပ်တော့ သရုပ်ဆောင်လို့ရတယ်။ ကတ်ဆက်ခွေဇာတ်လမ်းတွေကျတော့ သူတို့အသံတွေနဲ့သရုပ်ဆောင်ရတာဆိုတော့ သူတို့အသံနဲ့တစ်ထပ်တည်းကျအောင်သူတို့လုပ်တဲ့အိုက်တင်က ကိုယ့်ရဲ့ ဇာတ်ရုပ်နဲ့မှန်အောင်တော့ ပိုပြီးကြိုးစားရတာပေါ့။ မတူဘူး။ တော်တော်တော့ကွာတယ်။

-ညီမလေးကတာကိုလဲ ပရိသတ်တော်တော်များများလက်ခံကြတယ်ဆိုတော့ အခုနောက်ပိုင်းမှာရော အကပိုင်းကိုသေသေချာချာလုပ်ဖြစ်သေးလား။

ညီမက အခုနောက်ပိုင်းမှာ သေသေချာချာတော့ မကဖြစ်တော့ဘူး။ အကနဲ့လဲ နည်းနည်းလေး အလှမ်းဝေးသွားတယ်လို့ပြောရမှာပေါ့။ အားရင်တော့ ကပြီး ဖေ့စ်ဘွတ်မှာ ကာဗာလေးတွေတော့တင်ဖြစ်တယ်။ ကိုစိုင်းနဲ့တော့ သူ့ birthday show တိုင်းကဖြစ်တယ်။ တခြားသူတွေနဲ့မကဘူးဆိုတာ မကချင်လို့တော့မဟုတ်ဘူး။ ညီမက အကဖက်မှာ အချိန်မပေးနိုင်တာကြောင့်ရယ်၊ ကိုစိုင်းနဲ့ကျတော့ ဟိုးငယ်ငယ်လေးကတည်းက ကဖြစ်နေတာရယ်ကြောင့်ကဖြစ်တာပါ။ တခြားအတွက်ကတော့ သိပ်အချိန်မပေးနိုင်သေးလို့ပါ။

-ကလဲကတယ်။ ကတ်ဆက်ခွေဇာတ်လမ်းတိုလေးတွေလဲရိုက်တယ်။ ဗီဒိယိုလဲရိုက်တယ်ဆိုတော့ ကိုယ့်ရဲ့ အနုပညာပန်းတိုင်ကိုရော ဘယ်လိုစိုက်ထူထားလဲ။

ညီမ သရုပ်ဆောင်ဖက်ကို ပိုပြီးအားသန်တာပါ။ ပရိသတ်တွေအနေနဲ့လဲ နှစ်ခုလုံးအဆင်ပြေအောင်ဆိုပြီး အက ကားတွေရိုက်ဖို့စီစဉ်နေပါတယ်။

-ကိုယ်ကိုတိုင်ရော မင်းသမီးအနေနဲ့ရိုက်ဖို့ကားတွေစီစဉ်ထားတာရော မရှိဘူးလား။

ဟုတ်ကဲ့။ ရှိပါတယ်။ ညီမတို့Laural ကထုတ်ရိုက်မဲ့ ရုပ်ရှင်ကားကြီး ဒါရိုက်တာဝိုင်းနဲ့ရိုက်ဖို့စီစဉ်ထားပါတယ်။

-ချစ်သူများနေ့မှာရော ဘာအစီအစဉ်တွေရှိလဲ။

ချစ်သူများနေ့ကတော့ ညီမတို့Laural Art Academy ငါးနှစ်ပြည့်ပေါ့။ အဲ့ဒီနေ့မှာ Fan တွေနဲ့တွေ့ဖို့ရှိတယ်။ လူငယ်သဘာဝဖြတ်သန်းမှုကတော့ မရှိပါဘူး။ အရင်နှစ်တွေကလဲ ကျောင်းမှာပွဲလုပ်တယ်။ ဒီနှစ်ကမလုပ်ဖြစ်ပဲနဲ့Fan တွေနဲ့တွေ့ဆုံပွဲပဲလုပ်ဖြစ်တာပါ။

-ဒီနှစ်ချစ်သူများနေ့မှာ တစ်ယောက်ယောက်ကို တစ်ခုခု Surprise လုပ်ပေးဖို့စီစဉ်ထားတာရောရှိမလား။

မရှိပါဘူး။ ကိုယ်ကလဲ မလုပ်ပေးဖြစ်ဘူး။ သူများဆီကလဲ မရဖူးဘူး။ Fan တွေဆီကလက်ဆောင်ပဲရဖူးပါတယ်။

-ကိုယ်ကိုတိုင်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အဲ့ဒီနေ့လေးကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။

အဲ့ဒီနေ့က ချစ်သူများနေ့ဆိုပေမဲ့ ရည်းစားအချစ်တင်မဟုတ်ပဲ ကိုယ်ချစ်တဲ့သူတွေအားလုံးနဲ့အတူတူရှိနေရမဲ့နေ့လေးလို့ပဲမြင်ပါတယ်။ အဲ့ဒါကြောင့်အဲ့ဒီနေ့ကိုညီမချစ်တဲ့မိသားစုတွေ၊ ညီမချစ်တဲ့ Fan တွေနဲ့ပဲအတူတူရှိနေပါမယ်။

-ရှေ့ရက်တွေက ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ အဆိုတော်တစ်ယောက်နဲ့တွဲနေတယ်ဆိုတဲ့ အချစ်ရေးအကြောင်းလေးကိုလဲ အတည်ပြုပေးပါဦး။

အဲ့ဒါက ညီမနဲ့သူနဲ့က အခုမှရင်းနှီးတာမဟုတ်ပါဘူး။ အရင်ကတည်းက ရင်းနှီးတာပါ။ ဟိုးအရင်လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ရင်းနှီးတဲ့ မိတ်ဆွေဆိုတော့ အခုလဲ အဲ့ဒီလိုပါပဲ။

-သူနဲ့တွဲနေတယ်ဆိုတာ မဟုတ်ဘူးပေါ့။

မဟုတ်ပါဘူးရှင့်။

-တွဲနေတာမဟုတ်ပဲနဲ့ တွဲနေကြတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့တဲ့အပေါ် ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။

ညီမကတော့ ထွေထွေထူးထူးဘာမှမဖြစ်ပါဘူး။ အဲ့ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သိပ်မပြောတတ်ဘူးရှင့်။ အရင်ကတည်းကလဲ အေးအေးဆေးဆေးပဲနေတတ်တဲ့သူဆိုတော့ အခုပြောနေရေးနေကြတဲ့ အပေါ်မှာလဲ ဟုတ်တာတွေလဲပါသလိုမဟုတ်တာတွေလဲပါနေတဲ့အတွက်ကြောင့် ညီမအနေနဲ့ကတော့ သိပ်ပြီး ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး။

-လက်ရှိ အချစ်ရေးက ဘယ်လိုရှိလဲ။

ညီမ တစ်ယောက်တည်းပါ။

-လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့အချိန်တုန်းက ၀ိုင်းပြောကြတဲ့ ပရိသတ်တော်တော်များများကလဲ ညီမလေးနဲ့မတန်ဘူးဆိုပြီး ညီမလေးကို ၀န်းရံပြီးပြောပေးကြတဲ့ ပရိသတ်တွေကိုရော ဘာများပြန်ပြောချင်လဲ။

 လူဆိုတာကတော့ အမှားနဲ့မကင်းဘူးပေါ့။ အဓိကကတော့ ညီမဖက်ကနာပြီးပြောပေးတာလဲမကောင်းသလို ညီမကိုကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော တစ်ဖက်က အနေနဲ့လဲ ပြန်ကြားရတဲ့စကားလုံးတွေက တခြားတစ်ဖက်ကိုလဲ နစ်နာစေတယ်။ ဘယ်သူ့ဘယ်သူအတွက်မှမကောင်းတဲ့အတွက် အဲ့ဒီလိုမျိုးတွေကို ညီမကတော့ မပြောစေချင်ဘူး။ ညီမ Fan တွေက ညီမကိုချစ်ပြီး အားပေးကြပြီး ညီမဖက်ကရပ်တည်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုမကောင်းတာတွေမဖြစ်စေချင်ဘူး။ ညီမကိုကောင်းကောင်းမွန်မွန်လေးပဲဖြစ်စေချင်တယ်။ ၀ိုင်းပြီး အကြံပေးကြတယ်။ ဒီလိုလေးနေပါ။ ဒီလိုလေးလုပ်ပါဆိုပြီး အကြံပေးကြတဲ့သူတွေကိုလဲ ညီမကအရမ်းကျေးဇူးတင်ပါတယ်။

-အချစ်ရေးကိုရော ဘယ်တော့လောက်စဉ်းစားဖြစ်မလဲ။

ညီမကတော့ ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူ၊ တကယ်ချစ်တဲ့သူ ဆိုရင်တော့ စဉ်းစားမှာပါ။

-လူမှုကွန်ယက်ပေါ်မှာ တက်လာတဲ့ ကိုယ့်ရဲ့ အချစ်ရေးကြောင့်စိတ်အနှောင့်အယှက်ရော ဖြစ်မိလား။

အဲ့ဒီလိုမျိုးတော့မရှိပါဘူး။ အဓိကကတော့ နှစ်ယောက်စလုံးအတွက်တော့မကောင်းဘူးပေါ့။ အဆင်မပြေဘူးပေါ့။ တချို့ဆို ကမ်းနားသွားတယ်ဆိုတာကလဲ ညီမနဲ့သူနဲ့က အရင်ကတည်းကရင်းနှီးနေတဲ့မိတ်ဆွေလေ။ အခုမှစပြီးတော့ သိတဲ့သူတွေလဲမဟုတ်တော့တဲ့အတွက် မုန့်သွားစားတာကတော့ သိပ်ပြီး အထွေအထူးတော့မရှိပါဘူး။

-သူနဲ့ထွက်လာတဲ့ ကောလာဟလကြောင့် အပြင်မှာ အခင်အမင်ပျက်တာမျိုးရောရှိလား။

မရှိပါဘူး။ မရှိပါဘူး။


Credit :Trend Myanmar