Breaking News

သဉ္ဇာနွယ်ဝင်းနှင့် တွေ့ဆုံခြင်း


လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း၏ မင်္ဂလာပွဲအကြိုဓာတ်ပုံများကြောင့် ပရိသတ်များက စိတ်ဝင်စားနေကြပြီး ၎င်း၏ မင်္ဂလာသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ကာယကံရှင်များဘက်မှ
ဖြေရှင်းမှုများ မပြုလုပ်ခဲ့ပေ။ ဇန်န၀ါရီ ၂၈ ရက်တွင်မူ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ၎င်း၏မင်္ဂလာသတင်းနှင့် ထွက်ပေါ်နေသည့် ကောလာဟလများမှာ မဟုတ်မှန်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့သည်။ ထို့ကြောင့် သဉ္ဇာနွယ်ဝင်းကိုပရိသတ်များစိတ်ဝင်စားနေသည့် မင်္ဂလာသတင်းနှင့်ပတ်သက်၍ မေး မြန်းခဲ့ပါသည်။


ပရိသတ်တွေ စိတ်ဝင်စားနေ တဲ့ ညီမရဲ့ မင်္ဂလာပွဲအစီအစဉ်ကို အရင်ဆုံးပြောပြပေးပါလား။

ညီမတို့က ဖေဖော်ဝါရီ ၁ ရက်မှာ မင်္ဂလာဦးဆွမ်းကျွေးလုပ်မယ်။ ၃ ရက်မှာကျတော့ Melia ဟိုတယ်မှာ နေ့လယ်ပိုင်း စုလျား ရစ်ပတ်မင်္ဂလာဧည့်ခံပွဲလုပ်မယ်။ ညနေပိုင်း အဲဒီဟိုတယ်မှာပဲ ညစားစားပွဲလုပ်မယ်။

ညီမရဲ့ သတို့သားလောင်းကို ဝေဖန်တာတွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာလည်း ပြန်ရှင်း ထားတာတွေ့ရပါတယ်။

အစကတော့ သူတို့ထင်တဲ့ ကောလာဟလက မဟုတ်ဘူးဆို တာ ညီမဘက်ကဖြေရှင်းတာတွေ လည်း သိပ်မပြောချင်ဘူး။ အချိန် တန်ရင် ပရိသတ်တွေသိလာမှာပဲ ဆိုတဲ့ စိတ်နဲ့ ဒီအတိုင်းပဲနေခဲ့တယ်။ ဒါပေမဲ့ မင်္ဂလာပွဲ နီးလာပေမယ့် ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ က အိမ်ထောင်ရှိတဲ့လူတစ် ယောက်နဲ့လားဆိုပြီး စိတ်မကောင်း ဖြစ်ကြတယ်။ အဲဒီလိုဆိုတော့ သူ တို့ထင်နေတာ မဟုတ်ဘူး၊ သဉ္ဇာ အိမ်ထောင်ပြုတာက လူပျိုနဲ့ပဲဆိုတာကို သိစေချင်တယ်။ အဓိကကတော့ ပရိသတ်တွေ အထင်မှားတာနဲ့ပတ်သက်ပြီး ဖြေရှင်းချင်တာပါ။

ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့တာလဲ။

ညီမရဲ့ ခင်ပွန်းလောင်းနဲ့ စ တွေ့တဲ့အချိန်မှာ ညီမကသူ့ရဲ့ စိတ်နေစိတ်ထားကိုလည်း သဘောကျတယ်။ သူကလည်း ညီမစိတ် နေစိတ်ထားကို သဘောကျတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ် ယောက် လေ့လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်။ နောက်ပြီး သူကလည်း တရုတ်လူမျိုးဖြစ် တယ်။ ညီမကလည်း တရုတ်လူမျိုး ဖြစ်တယ်။ လူမျိုးချင်းတူတဲ့အတွက်လည်း အမြန်လက်ထပ်ဖြစ်သွားတာပါ။ အဓိကကတော့ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်။ အဲဒီ အတွက်ပါ။ ကျန်တာ ဘာမှ မပါပါဘူး။

အိမ်ထောင်ပြုပြီးရင်ကော အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အစီအစဉ်ပါသလား။

သဉ္ဇာအနုပညာစလုပ်က တည်းက အဖေနဲ့အမေက ပြော ထားတယ်။ အဖေကတရုတ်လူမျိုး ဆိုတော့ သူကအိမ်ထောင်ကျသွားရင်တော့ အနုပညာအလုပ်ကို ဆက်မလုပ်စေချင်ဘူး။ ဒီအလုပ်စလုပ် ကတည်းက ၀ါသနာ
ပါရင်တော့ လုပ်၊ အိမ်ထောင်ကျသွားရင် တော့ အနုပညာအလုပ်ကို နား ပေးရမယ်လို့ ပြောခဲ့တယ်။အဲဒီအတွက် သဉ္ဇာအိမ်ထောင်ပြုမယ် ဆိုရင်တော့ အနုပညာအလုပ်ကို နားပေးရမယ် ဆိုတာ သိထား ပြီးသားပါ။

အနုပညာအလုပ်ကို မိဘတွေက အားမပေးခဲ့ဘူးဆိုတော့ မိဘတွေနဲ့ အတိုက်အခံလုပ်ခဲ့ရတာလား။

သဉ္ဇာတို့က အနုပညာလော ကမှာ အသိတွေမရှိဘူး။ အဲဒါ ကြောင့် မိဘတွေက ပေးမလုပ်ချင် ဘူး။ ဒါပေမဲ့ သဉ္ဇာက အပျော်တမ်း ဓာတ်ပုံသွားရိုက်တယ်။ အဲဒီက တစ်ဆင့် ဓာတ်ပုံဆရာက ဘေလ်ဘုတ်ခေါ်ရိုက်တယ်။ အဲဒါနဲ့ သဉ္ဇာက တစ်နှစ်လုပ်ခွင့်တောင်းခဲ့တာ။ သူတို့က တစ်နှစ်လုပ်ခွင့်ပေးတယ်။ ဒါပေမဲ့ ပရိသတ်တွေ အားပေးတော့ ဆက်လုပ်ဖြစ်သွားတာ။ အတိုက်အခံလုပ်ပြီးတော့ အနုပညာကို လုပ်ခဲ့တာ မဟုတ်ပါဘူး။

အနုပညာအလုပ်ကို နှစ် တော်တော်ကြာကြာ လုပ်ခဲ့တာဆို တော့ အခုလိုစွန့်လွှတ်ရတော့ မယ့်အချိန်မှာ ဘယ်လိုခံစားရလဲ။

ခုနစ်နီးပါးလောက် လုပ်ခဲ့တဲ့ အလုပ်တစ်ခု၊ ကိုယ်လည်း ၀ါသ နာပါတဲ့ အလုပ်တစ်ခုကို ရပ်လိုက်ရတော့ ကိုယ့်ဝါသနာအရ ရိုက်ချင်တဲ့စိတ်တော့ရှိတာပေါ့။ ဒါပေမဲ့ ကိုယ်ကလည်း အိမ်ထောင်ပြုပြီး ရင် မလုပ်ရတော့ဘူး ဆိုတာ သိတဲ့ အတွက် ကိုယ့်စိတ်ကိုပဲ ပြန်ထိန်း ရတာပေါ့။

အနုပညာအလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေကကော ညီမအတွက် ဘယ်လိုအမှတ်တရတွေ ရှိခဲ့တဲ့အ ချိန်တွေလို့ ပြောလို့ရလဲ။

သဉ္ဇာဒီအလုပ်ကို အရမ်းဝါ သနာပါတယ်။ အဲဒီလိုဆိုတော့ အနုပညာအလုပ်လုပ်တဲ့အချိန်အ တွင်းမှာ တစ်ရက်ဖြတ်သန်းရတာ ကို တစ်ရက်ကျေနပ်တယ်။ အရမ်းစိတ်ချမ်းသာတယ်။ ကိုယ်ဝါသနာ ပါတဲ့ အလုပ်တစ်ခုကို ပရော်ဖက် ရှင်နယ်အနေနဲ့ ရပ်တည်ခွင့်ရခဲ့တဲ့ အတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်တယ်။

အိမ်ထောင်ပြုပြီးသွားရင် အနုပညာအလုပ်တွေ မလုပ်တော့ ဘူးဆိုတော့ ကိုယ့်ကိုအားပေးခဲ့တဲ့ ပရိသတ်တွေကို ဘာပြောချင်လဲ။

သဉ္ဇာကို အားပေးတဲ့ပရိ သတ်တွေအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။ သဉ္ဇာကားလေး တွေလည်း ထွက်ဖို့ရှိသေးတယ်။ ပြီးတော့ သဉ္ဇာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း အ များကြီးကြိုးစားခဲ့တယ်။ အဲဒီ
အတွက် သဉ္ဇာကိုတကယ်ချစ်တယ်၊ အားပေးတယ်ဆိုရင် ဒီကားလေး တွေကို ကြည့်လို့ရပါတယ်။ အ မှတ်တရလည်း ဖြစ်တယ်လေ။ ထပ်ရိုက်ဖို့ကတော့ မရှိတော့ပါ ဘူး။ ထပ်ရိုက်ဖြစ်ရင်လည်း ကိုယ်လုပ်တဲ့ စီးပွားရေး အလုပ်အတွက် ကြော်ငြာလေးတွေပဲ ရိုက်ဖြစ်မှာ ပါ။

မင်္ဂလာပွဲအကြို ဓာတ်ပုံတွေကိုကော ဘယ်နေရာတွေမှာ ရိုက် ထားတာလဲ။

သဉ္ဇာက အနုပညာရှင်တစ် ယောက်ဖြစ်တဲ့အတွက် ဓာတ်ပုံ ဆိုင်တွေက ရင်းနှီးတယ်။ အဲဒီ တော့ သူတို့အကူအညီတွေ အများကြီးပေးကြတယ်။ ဓာတ်ပုံရိုက်တာ က ကိုမိုးကိုဦး၊ နောက်ပြီး My Dream Wedding Studio, ပြီး တော့ Together Wedding Studioတို့က ရိုက်ပေးတယ်။ မိတ်ကပ် တွေကကျတော့ မေဦးမောင်တို့၊ သဉ္ဇာပွဲနေ့ကျရင်တော့ အန်တီနှင်း (ဒီဇင်ဘာနှင်း)က လိမ်းပေးမှာ။ ရိုက်တာကတော့ တောင်ကြီးရယ်၊ အင်းလေးရယ်၊ ရန်ကုန်ရယ်မှာ ရိုက်ဖြစ်တယ်။ အဲဒီလောက်ပါပဲ။ အဝေးကြီးတွေသွားပြီး မရိုက်ဖြစ် ဘူး။

ဟန်းနီးမွန်းအတွက်ကကော ဘယ်တွေသွားဖို့ စဉ်းစားထားလဲ။

ခရီးကတော့ သုံးခုလုပ်ထားတယ်။ ဘာလီရယ်၊ ငပလီရယ်၊ Europe (ဥရောပ)ရယ် သုံးခုတော့ စဉ်းစားထားတယ်။

အရင်က ချစ်သူနဲ့ပတ်သက် ပြီး ပရိသတ်တွေက ညီမကိုအထင် လွဲခဲ့တာတွေလည်းရှိတော့ အဲဒါ နဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

သဉ္ဇာက ကိုယ်နဲ့သိတဲ့လူတွေ တိုင်းမှာရော၊ ကိုယ်နဲ့ပတ်သက်ခဲ့ သူတွေတိုင်းမှာရော သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ အပေါင်းအသင်းပဲဖြစ်ဖြစ် အကုန်လုံးအပေါ်မှာ အကောင်းဆုံးကိုယ့်ဘက် ကနေခဲ့တယ်။ တာဝန်ကျေ တယ်။ အမြဲတမ်းမှန်မှန်ကန်ကန် နေခဲ့ တယ်။ အဲဒီအတွက် စိတ်ထဲမှာ အားနာတာ ဘာညာမျိုးလည်း မရှိဘူး။ ပြီးတော့ ချစ်သူရည်းစားထားခဲ့တယ်ဆိုတာကလည်း ပြီးခဲ့ တဲ့ကိစ္စတွေ၊ ရည်းစားနဲ့ပြတ်ပြီးမှပဲ ကိုယ့်အိမ်ထောင်ဖက် ကို တွေ့ ခဲ့တာဆိုတော့ ဘယ်သူကမှလည်း ဘယ်သူ့ကို ထားခဲ့တာမဟုတ်တဲ့ အတွက် ပရိသတ်တွေ အထင်မှား နေပေမယ့်လည်း အခု သဉ္ဇာပြောတာကို ဖတ်ပြီးရင်တော့ သူတို့နား လည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ညီမအတွက် စိတ်ပူနေတဲ့ ပရိသတ်တွေကိုကော အိမ်ထောင် ဖက်နဲ့ပတ်သက်ပြီး ဘာတွေထပ် ပြီးပြောပြချင်လဲ။

သဉ္ဇာအပေါ်မှာ အရမ်းနား လည်မှုရှိတယ်။ အရမ်းလည်း ကောင်းတယ်။ နှစ်ဖက်မိဘတွေကလည်း အရမ်းကြည်ဖြူတယ်။ သဉ္ဇာလည်း စိတ်ချမ်းသာတယ်။ ပရိသတ်တွေ စိတ်ပူစရာမလိုတဲ့ လူတစ်ယောက်ဆိုတော့ သဉ္ဇာ
အတွက် ပျော်ပေးမယ်လို့ မျှော်လင့် ပါတယ်။

Credit :7Day News Journal