Breaking News

သင့်အသက်ရွယ်နဲ့ အိပ်စက်အနားယူသင့်တဲ့ကြာချိန်


တရက် ၈ နာရီအိပ်ရမယ်ဆိုတဲ့ အဆိုဟာ အသက်အရွယ် အပိုင်းအခြား အားလုံးအတွက်ရည်ရွယ်တယ်ဆို သင် မှားသွားပါလိမ့်မယ်။ “Nationanl Sleep Foundation” လေ့လာတွေ့ရှိချက်များအရ အသက်အလိုက် အိပ်သင့်သည့် ကြာချိန် များကို ဖော်ပြသွားပေးပါမယ်။
မွေးကင်းစ မှ ၃ လ အထိ – ၁၄ နာရီ မှ ၁၇ နာရီ
၎ လ မှ ၁၁ လ အထိ – ၁၂ နာရီ မှ ၁၅ နာရီ
၁ နှစ် မှ ၂ နှစ် အထိ – ၁၁ နာရီ မှ ၁၄ နာရီ
၃ နှစ် မှ ၅ နှစ် အထိ – ၁၀ နာရီ မှ ၁၃ နာရီ
၆ နှစ် မှ ၁၃ နှစ် အထိ – ၉ နာရီ မှ ၁၁ နာရီ
၁၄ နှစ် မှ ၁၇ နှစ် အထိ – ၈ နာရီ မှ ၁၀ နာရီ
၁၈ နှစ် မှ ၆၄ နှစ် အထိ – ၇ နာရီ မှ ၉ နာရီ
၆၅ နှစ် အထက် – ၇ နာရီ မှ ၈ နာရီ

အကယ်၍ သင်ဟာ သတ်မှတ်အချိန်ထက် အိပ်ရန် အခက်အခဲများရှိနေတယ်ဆိုရင် ချယ်ရီသီး ဖျော်ရည်သောက်ပေးခြင်းအားဖြင့် အိပ်ချိန် မိနစ် ၉၀ လောက်ပိုပေးမှာဖြစ်ပါတယ်။ ချယ်ရီမကြိုက်တက်တဲ့သူများကတော့ ကီဝီသီး ဒါမှမဟုတ် ပင်လယ်ရေညှိစားပေးခြင်းအားဖြင့် အိပ်ပျော်မှုကို အထောက်အကူရစေနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး . ယောက်ျားလေးတိုင်း အားကျစေဖို့ . . .
Gentleman Magazine