Breaking News

တစ်ရက်တည်း မင်္ဂလာပွဲနှစ်ပွဲ ကျင်းပခဲ့တဲ့ သဉ္ဇာနွယ်ဝင်း


သရုပ်ဆောင်သဉ္ဇာနွယ် ၀င်းနှင့် ကိုလှမျိုးမြင့်တို့၏ စုလျား ရစ်ပတ်မင်္ဂလာဧည့်ခံပွဲနှင့် ညစာ စားပွဲကို ဖေဖော်ဝါရီ ၃ ရက်က Melia ဟိုတယ်တွင် ကျင်းပခဲ့ သည်။

စုလျားရစ်ပတ်မင်္ဂလာဧည့် ခံပွဲအခမ်းအနားကို နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့ပြီး ညစာစားပွဲအခမ်းအနားကို ညနေ ၆ နာရီခွဲက စတင်၍ ပြုလုပ်ခဲ့ သည်။

စုလျားရစ်ပတ်မင်္ဂလာဧည့် ခံပွဲအခမ်းအနားတွင် သတို့သား နှင့် သတို့သမီးတို့က အဖြူရောင် ၀တ်စုံများ ၀တ်ဆင်ခဲ့ပြီး ၎င်းတို့ ၏ မင်္ဂလာပွဲအကြိုဓာတ်ပုံများကို မင်္ဂလာခန်းမအ၀င်လမ်းတစ်လျှောက်၌   ပြသခဲ့ကာ အဖြူ ရောင်ပန်းများဖြင့် အလှဆင်ထား သည်။စုလျားရစ်ပတ်သည့် အစီ အစဉ်တွင် မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနှင့် ဇနီးမခင်စံပယ်ဦးတို့က မင်္ဂလာ မောင်နှံကို ထိမ်းမြားပေးခဲ့သည်။

အဆိုပါအခမ်းအနားကို နှစ် ဖက်မိဘဆွေမျိုးများနှင့် သဉ္ဇာနွယ်ဝင်း၏ လုပ်ဖော်ကိုင်ဖက်အနုပ ညာမောင်နှမအချို့တက်ရောက် ခဲ့ကြသည်။

သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင် နှံ၏ မင်္ဂလာဆွမ်းကျွေးအလှူကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ် ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်က မင်္ဂ လာလက်မှတ်ရေးထိုးခဲ့သည်။

Credit :7Day News Journal