Breaking News

ရင်ဘတ်ပုံဖော် (Boob Contouring) မိတ်ကပ်လိမ်းနည်း


လည်ဟိုက်အင်္ကျီဝတ်တဲ့အခါမှာ ရင်ဘတ်သေးလို့ သိပ်မလှဘူးလို့ထင်နေရင် ဒီမိတ်ကပ်လိမ်းနည်းက သင့်ကို ဆွဲဆောင်မှုအပြည့်ရှိသွားအောင် ကူညီပေးပါလိမ့်မယ်။ ရင်ဘတ်သေးလို့ ဆီလီကွမ်ထည့်စရာလည်းမလိုဘူး။ လေ့ကျင့်ခန်းတွေလုပ်ပြီး ရင်သားပင့်တင်စရာလည်း မလိုဘူး။ ရင်သားကြီးဆေးတွေ ဝယ်သောက်၊ ဝယ်လိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေတွေကိုလည်း ဖိတ်ခေါ်နေစရာမလိုတော့ဘူး။ Boob Contouring (ရင်ဘတ် မိတ်ကပ်)ကို သုံးပြီး ဘယ်လို ကြီးအောင် လုပ်ကြမလဲ။ အောက်မှာ ကြည့်ကြည့်လိုက်ပါ။

ကွန်တောရင်း (Contouring) လို့ခေါ်တဲ့ အညိုရောင်နဲ့ အရောင်နုရောပြီး အလင်းအမှောင် မိတ်ကပ်လိမ်းနည်းက မျက်နှာမှာတင် သုံးလို့ ရတာ မဟုတ်ပါဘူး။ သုံးတတ်ရင် တစ်ကိုယ်လုံးမှာ အဖောင်းအကြွဖြစ်အောင် ပုံဖော်ပြီး သုံးလို့ရပါတယ်။ အိုကေ.. ဒီတော့  ဗစ်တိုးရီးယား ဆီးကရက်မော်ဒယ်လ်လောက် နီးနီး ရင်သားလှသွားစေမယ့် နည်းလေးပြောပြပါရစေ။

 အရင်ဆုံး မိမိ ရင်ဘတ်ကို ပင့်တင်ပေးတဲ့ ဖော့ပါတဲ့ ပွတ်ရှ်အပ်ဘရာစီယာ (Pushup Bra)  ဝတ်ထားလိုက်ပါ။ ဒါဆိုရင် ရင်သားက အပေါ်ကို ကြွလာပြီး အဖောင်းလေးပေါ်လာပါလိမ့်မယ်။

သင့်ရင်သား ကြွတက်လာတဲ့အသားပေါ်ကို ပုံထဲကလို အညိုရောင်နည်းနည်းပိုရင့်တာနဲ့ အရာပေးလိုက်ပါမယ်။ ပြီးရင် ဘေးနားကို ဖြန့်ပြီး ဖြည်းဖြည်းချင်း အရောင်ကို အလင်းအမှောင်ဟပ်သွားအောင် ဘရှပ်ရှ်နဲ့ လိုက်ခြယ်သလိုက်ပါမယ်။


အစပိုင်းမှာတော့ တစ်မျိုးကြီး ဖြစ်နေလိမ့်မယ်။ အရေးကြီးတာက တစ်ဖက်နဲ့ တစ်ဖက် အဖောင်းအကြွ ညီဖို့ လိုအပ်ပါတယ်။ သေချာလေ့ကျင့်ပေးရင် သင်နဲ့ လိုက်ဖက်မယ့် နေရာကို အရာပေးတတ်လာလိမ့်မယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့အသားရောင်ကိုလည်း ရွေးတတ်လာပါလိမ့်မယ်။ တကယ်က နှာတံဖော်နေကြသူတွေအတွက်ဆို ဒီ ရင်ဘတ်ပုံဖော်တာ (Boob Contouring) ကလည်း အလွယ်လေး ဖြစ်နေမှာပါ။
သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး ~ ဇွန်းနဲ့ မျက်လုံးအလှပြင်နည်း ( ၄ ) ခု

Source : EliteDaily