Breaking News

အ၀တ်အစား Collection အသစ် “Thick”ကို ရောင်းချတော့မယ့် Kylie Jenner




ဘုရင်မ Kylie Jennerကတော့ နောက်ထပ်စီးပွားရေးအကွက်တွေ တစ်ခုပြီးတစ်ခုကို ထွင်နေတော့တာပါပဲ။ ပုရိသတို့အသည်းစွဲ မိန်းကလေး အများစုအားကျရတဲ့ Kylie Jennerဟာ နှုတ်ခမ်းနီတွေအပြင်နောက်ထပ် Clothing Shopကို Instagramမှာ သူမရဲ့ပရိသတ်တွေကိုမိတ်ဆက်ပေးခဲ့ပြီးသားပါ။

သူမရဲ့ဖန်တွေ သည်းသည်လှုပ်အားပေးမှုကြောင့် Pantiesတွေ၊Teeတွေ ဟာလည်း အချိန်ခဏလေးအတွင်းမှာ ရောင်းထွက်ခဲ့ပါတယ်။ အခုအချိန်မှာ သူမဟာတစ်ကျော့ပြန်လာပြီး “Thick”လို့ အမည်ပေးထားတဲ့အ၀တ်အစားလိုင်းအသစ်ကို ရောင်းချတော့မှာပါ။

အဆိုပါ အ၀တ်အစားတွေအတွက် သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Jordyn Woodsနဲ့အတူ Barbie Ferreira Jerrika Karlaeတို့က ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ အဆိုပါ Collectionမှာ အားကစားဝတ်စုံတွေ၊ ရေကူးဝတ်စုံတွေနဲ့ ဘေ့စ်ဘောကပ် ဦးထုတ်တွေလည်းပါဝင်မှာဖြစ်ပြီး အားကစားချစ်သူတွေအတွက် အကြိုက်တွေ့စေဦးမှာပါ။

Credit :Trend Myanmar