Breaking News

"ခရော့ပ်တော့ပ် (Crop Top) လုပ်မယ်"

စွပ်ကျယ်သားလေးတွေနဲ့ ခါးပေါ်အင်္ကျီလေးတွေ လွယ်လွယ်ပြောရရင် ခရော့ပ်တော့ပ် (Crop Top) အင်္ကျီလေးတွေ သိကြမှာပါ။ ရှော့ပင်းမောလ်ကနေ တစ်ထည် ဝယ်ဝတ်တာ စိတ်တိုင်းမကျဘူး။ ကိုယ်နဲ့ ကွက်တိလည်း ဖြစ်မနေဘူး။ ခရော့ပ်တော့ပ် ဝတ်တာက တကယ်ကို ကိုယ်နဲ့ ကွက်တိဖြစ်နေမှကြည့်လို့ကောင်းတာပါ။
play
တကယ်က ခြောက်ထောင်၊ ခုနစ်ထောက်တန် ခရော့ပ်တော့ပ်ကို စိတ်တိုင်းကျ ကိုယ့်ဖာသာကိုယ် လုပ်ဝတ်လို့ရပါတယ်။ ချုပ်စရာ မလိုဘဲ စွပ်ကျယ်ကို ညှပ်လိုက်ရုံနဲ့ ဝတ်လို့ ရပါပြီ။ အောက်မှာ လုပ်နည်း အဆင့်ဆင့်ဖော်ပြထားပါတယ်။
အဆင့် (၁)
play

လိုအပ်တဲ့ပစ္စည်းတွေက မိန်းကလေးဝတ် ကိုယ်ကျပ်စွပ်ကျယ် တစ်ထည်နဲ့ ကတ်ကြေးတစ်ချောင်း ပါ။ စွပ်ကျယ်က အဖြူရောင်မှ မဟုတ်ပါဘူး၊ ကိုယ်ကြိုက်တဲ့အရောင် ရွေးထားလိုက်ပါ။
အဆင့် (၂)
play

စွပ်ကျယ်ဘေးနှစ်ဖက်ကို ကတ်ကြေးနဲ့ ညှပ်ပါမယ်။ ပြီးရင် ကိုယ့်နောက်ကျောဘက် ဖြစ်မယ့်ဘက်ကို အရှည်လိုချင်သလောက်တိုင်းထားပြီး လေးထောင့်ပုံစံ ဖြတ်ထုတ်လိုက်ပါမယ်။
play

ဒီလိုပုံစံလေး ဖြစ်သွားပါမယ်။ ဒါက အင်္ကျီရဲ့ နောက်ကျောဘက်ခြမ်းပါ။
အဆင့် (၄)
play

ှရှေ့ခြမ်းကို ညှပ်တဲ့အခါမှာ ရင်ဘတ်အလယ်တည့်တည့်ကနေ ဟိုးအောက်ထိ ထပ်ခြမ်းခြမ်းပြီး ညှပ်လိုက်ပါမယ်။ ရှေ့ခွဲလို ဖြစ်သွားတာပေါ့။
play

ပြီးသွားလို့ ဖြန့်လိုက်ရင် ဒီလိုလေး ဖြစ်နေရပါမယ်။ အသားချန်ထားတဲ့အပိုင်းက နောက်ကျောခြမ်း ဖြစ်ပြီး ကျန်တဲ့ အစရှည်နှစ်ခုက ရှေ့ခြမ်းဖြစ်မှာပါ။
အဆင့် (၅)
play

ကုတ်အကျီဝတ်သလို အင်္ကျီအသားချန်ထားတဲ့ဘက်ကို အနောက်မှာထားပြီး လက်နှစ်ဖက်ကို စွပ်ကျယ်လက်ပေါက်ကနေထည့်လိုက်ပြီး ရှေ့မှာ အစနှစ်စကို ချထားလိုက်ပါ။ အစ နှစ်စကို ရှေ့ကနေ ယှက်လိုက်ပြီး ခါးနောက်ဘက်မှာ ချည်လိုက်ရပါမယ်။ စွပ်ကျယ်သားဆိုတော့ ခန္ဓာကိုယ်မှာ တစ်သားတည်းကပ်နေမှာ ဖြစ်ပြီး လိုသလို ဖြစ်ချည်ရပြုရတာ အဆင်ပြေမှာပါ။ ခါးနောက်မှာ အစနှစ်စကို ဖဲပြားပုံလေး ချည်ထားလိုက်ပါ။
အဆင့် (၆)
play
စိတ်ကြိုက်ချည်ပြီးပြီဆိုရင်ရှေ့ဘက် ရင်ဘတ်နားမှာ အစချွန်ချွန်လေးတွေ ထွက်နေပါလိမ့်မယ်။ ဒီအတိုင်း အချွန်လေးအတိုင်း ကြိုက်လို့ ထားထားချင်လည်း ရတယ်။ ဒါမှမဟုတ် အချွန်လေးကို ခေါက်ထည့်ပြီး အဝိုင်းအနားသတ်လေး ရအောင် လုပ်လည်း ရပါတယ်။

ကဲ... နောက်ဆုံးအစမ်းဝတ်ကြည့်လိုက်တော့ ဒီလိုပုံလေး ထွက်တယ်ပေါ့။ ကိုယ်တိုင်လည်း လုပ်ဝတ်ကြည့်ပြီးပြီ။ အလွန့်အလွန်လွယ်လို့ စွပ်ကျယ်တွေကို ရောင်စုံညှပ်ထားပါတယ်။ ကိုယ်တိုင်လုပ်ဝတ်ကြည့်ကြပါဦး။
play

အရမ်းတိုပြတ်နေလို့ မဝတ်ရဲရင် လည်ပင်းမှာ နက်ခ်ပိစ် (Neckpiece) ဒါမှမဟုတ် ဆွဲကြိုးထူထူကြီးကြီးနဲ့ တွဲပြီးဝတ်ဆင်လို့ ရပါတယ်။ ပုံထဲကလို အပေါ်ဝတ်အင်္ကျင်္ီ အပါး အရှည်ထပ်ပြီး ဝတ်လိုက်ပါ။ ဂျင်းအဝတ်အစားတွေနဲ့ လည်းတွဲဝတ်လို့ အရမ်းလှပါတယ်။
Source : APairAndASpareDiy  Credit :duwun