Breaking News

Crush ကြမှာလား? Love မှာလား?

Crush

ခုတလော လူငယ် လူကြီး တော်တော်များများ Crush ဆိုတဲ့ စကားလုံးလေး ခဏ ခဏ သုံးလာကြတာ တွေ့နေရတယ်နော်။ ကိုယ့်ရဲ့ချစ်သူ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ မင်းသမီး မင်းသား ဆိုရင် “My Crush” တို့၊ “ခွက်ရှ်ပါရစေ” တို့ ဘာတို့ ပြောကြတာမှလား… ဒါဆို crush တာနဲ့ love တာမှာ ဘာကွာလဲ…ဘယ်ဟာက ပိုပြီးပြင်းထန်လဲ…ဘာကြောင့်လဲ ဆိုတာကြည့်ရအောင်!

Crush : လူတစ်ယောက်ရဲ့ ကောင်းကွက်လေးတွေချည်း ရွေးပြီး စွဲလမ်းနေတာပါ… သူဘယ်လောက်ချောတာ၊ ချစ်ဖို့ကောင်းတာ၊ ဂရုစိုက်တတ်တာ စတဲ့ ကိုယ်ကိုစိတ်ချမ်းသာစေတဲ့ အမူအယာလေးတွေကိုပဲ တွေးနေမိတာ မျိုးပါ။
Love : အချစ်ကတော့ လူတစ်ယောက်ရဲ့ ကောင်းတာရော မကောင်းတာရော အကုန်ခံစားမိနေပါတယ်။ တစ်ချိန်ထဲမှာ စွဲလမ်းနေတတ်ပြီး … သိပ်မကြာပါဘူး.. အမြင်ကတ်နေမိပြန်ရော…။

Crush : သူနဲ့အတူ ရှိနေချင်ပါတယ်… ငေးကြည့်နေချင်တယ်… လိုချင်တာတွေ ပေးချင်တယ်။ သူကို ပျော်ရွှင်အောင် လုပ်ပေးရင်း ကိုယ်လဲပျော်ရပါတယ်။
Love : သူနဲ့ကိုယ်နဲ့ တစ်သားထဲ ဖြစ်သွားတာပါ… သူက ကိုယ့်အနားမှာ ရှိချင်မှရှိမယ်..ဒါပေမယ့် သူနဲ့ပတ်သက်သမျှ စိတ်ခံစားမှုတွေက လျှော့သွားတယ်ဆိုတာ မရှိပါဘူး… တစ်ခါတစ်လေ သူ့ပျော်ရွှင်ဖို့အတွက် ကိုယ်က စိတ်ဆင်းရဲပေးရရင်တောင် သူပျော်နေတာကိုကြည့်ပြီး ကျေနပ်နေမှာမျိုးပါ..။


Crush : တစ်ယောက်ထက်မက ဖြစ်နိုင်ပါတယ်။ ကိုယ်အရမ်းကြိုက်တဲ့ ပုံစံနဲ့ကိုက်ညီသွားပြီဆိုတာနဲ့ crush တဲ့ ခံစားချက်ဖြစ်နိုင်ပါတယ်။
Love : သူ့အပေါ်မှာဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့ ခံစားမှုတွေအကုန်လုံးနဲ့ ထပ်တူညီတဲ့သူ ရှိမလာနိုင်တော့ပါဘူး။ ကိုယ်ကြိုက်တဲ့ပုံစံ ဖြစ်ချင်မှဖြစ်မယ်… ကိုယ်နဲ့ သဟဇာတကျတဲ့သူ ဖြစ်ချင်မှဖြစ်မယ်… ဒါပေမယ့် သူဟာဘယ်လိုလူမျိုးလဲဆိုတာ သင်မေ့သွားပြီး “သူ” ဖြစ်နေသရွေ့ ကျန်တာတွေ ဂရုစိုက်တော့မှာ မဟုတ်ပါဘူး…။

Crush : အကန့်အသတ်ရှိပါတယ်… သူ့အကြောင်းပဲ ထိုင်တွေးနေပြီး ထမင်းမစားပဲ၊ ရေမသောက်ပဲနေမှာ မဟုတ်ပါဘူး။ တကယ်လို့ သင် crush တဲ့ တစ်ယောက်က သင့်ကိုဂရုမစိုက်ပဲ တစ်ခြားတစ်ယောက်နဲ့ တွဲနေတယ်ဆိုရင်တောင် အသည်းကွဲမှာ ခဏပါ…
Love : ကိုယ့်ကိုကိုယ် အချစ်မှာ ထိန်းချုပ်နိုင်တယ်လို့ ထင်မှတ်နေသူတွေကို သတိပေးချင်တာ အချစ်ဟာ ကြောက်စရာကောင်းလောက်အောင် အကန့်အသတ် လုပ်လို့မရပါဘူး… အတတ်နိုင်ဆုံးတော့ ထိန်းချုပ်နိုင်လိမ့်မယ်…ဒါပေမယ့် သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေက အမြဲကိုယ့်ကို နှိုးဆွနေတတ်ပါတယ်…။

Crush : သူကနေ အချစ်ဖြစ်သွားရင် ကြာကြာလက်တွဲသွားနိုင်ကြမှာ ဖြစ်ပေမယ့် များသောအားဖြင့် Long Relationship မဖြစ်နိုင်ပါဘူး… လူငယ်တွေမှာ ပိုအဖြစ်များပါတယ်…။
Love : တဖြည်းဖြည်းနဲ့ တိုးပွားလာပြီး ခိုင်ခိုင်မာမာရှိတဲ့ ခံစားချက်ပါ… သူနဲ့အတူတူပဲ အသက်တွေကြီးသွားချင်တာ… ဘာမဆို အတူတူ မျှဝေခံစားလိုတာမျိုးပါ…။

ကဲ… ကိုယ့်ကိုကိုယ် crush နေတာလား… love နေတာလား သေချာပြန် ဆန်းစစ်ကြည့်ကြဦးနော်! ဘယ်လို ခံစားမှုပဲဖြစ်ဖြစ် ကိုယ့်နဲ့သူနဲ့ ထပ်တူညီတူ ခံစားရတယ်ဆိုတာ ရှားပါတယ်… တန်ဖိုးထားနိုင်ကြပါစေ…။

Credit: ပန်းပွင့်လေး (မိုမိုလေး)