Breaking News

Eyeliner နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့အချက် (၈) ချက်



Eyeliner နဲ့ ပတ်သတ်ပြီး ရယ်စရာတစ်ခု ပြောရမယ်ဆိုရင် ဟိုးအရင်တုန်းက လူတွေ Eyeliner ခြယ်တဲ့ပုံစံက လူကို မကောင်းဆိုးဝါး မျက်လုံးနဲ့ တူစေတယ် ဆိုတာပါပဲ။  Eyeliner  ဆိုတာ သန်းပေါင်းများစွာသော အလှအပ မြတ်နိုးသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ ။ ဒါပေမယ့် ဒီ ပဓာနကျတဲ့ ပစ္စည်းအကြောင်း သင် ဘယ်လောက် သိပါသလဲ။

(၁) သမိုင်းတလျှောက် ပြန်လှည့်ကြည့်တဲ့အခါ . . .
ဘီစီ ၁၀,၀၀၀ ၀န်းကျင် အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယားဒေသတွေမှာ ပထမဆုံး Eyelinerတွေ ရောက်ရှိလာခဲ့ပါတယ်။

(၂) နောက်ပြီး Eyeliner ကို သုံးတာ အမျိုးသမီးတွေတင် မဟုတ်ပါဘူး။
အမျိုးသားတွေကလည်း သူတို့ရဲ့ မျက်လုံးကို အနက်ရောင် တောက်တောက် တွေ ဆိုးကြပါတယ်။ အရှင်းဆုံးပြောရရင်တော့ ၁၉၈၀၀န်းကျင် မှာ ခေတ်စားခဲ့တဲ့ Goth Trend အတွက် ရှေ့ပြေးပါ။

(၃)  Eyeliner တွေကို အလှအပအတွက် သုံးတာမဟုတ်ပါဘူး။
မူလရည်ရွယ်ချက်က မျက်လုံးတွေကို ပိုမိုကြီးသယောင် တောက်ပသယောင် ထင်ရစေဖို့အတွက် Eyeliner တွေကို အသုံးပြုတာ မဟုတ်ပါဘူး။ Evil Eye လို့ အမည်တွင်တဲ့ နေနတ်သားရဲ့ မျက်လုံးကနေ ကာကွယ်ဖို့ ရည်ရွယ်ပြီး အသုံးပြုကြတာပဲ ဖြစ်ပါတယ်။

(၄) ၁၉၂၀ မတိုင်ခင်အထိ Fashion မကျသေးပါဘူး။
ခရစ်တော် မမွေးဖွားမီကာလ က အစပြုလို့ ၁၉၂၀ ၀န်းကျင်အထိ အနောက်တိုင်းယဉ်ကျေးမှု စတိုင်လ်မှာ Eyeliner တွေက လူကြိုက်မများသေးပါဘူး။ ၁၉၂၂ ခုနစ်မှာ ရှေးဟောင် သုတေသနပညာတွေတွေက Tutankhamun ဘုရင်ရဲ့ အုတ်ဂူကို လူသိရှင်ကြား တူးဖော်လိုက်ခြင်းက Eyeliner တွေကို တစ်ကျော့ပြန် တစ်ခေတ်ဆန်းစေပါတယ်။

(၅) ၂၀ ရာစု အစောပိုင်းတုန်းက Eyeliner တွေက ယခုခေတ် လို အသုံးပြုရတာ မလွယ်ကူပါဘူး။
ယနေ့ခေတ်မှာ အသုံးပြုနေကြတာတွေနဲ့ စာရင် ၁၉၂၀ မှာ အသုံးပြုခဲ့တဲ့ Eyeliner တွေမှာ ကာချယ်တွေပါပါတယ်။ ကျွန်မတို့ ခု အသုံးပြုနေသလို နူးညံ့တဲ့ စတိုင်လ် အစား ထူပျစ်ပျစ်ကြီး ဖြစ်စေပါတယ်။

(၆) ယခုခေတ်စားနေတဲ့ ကြောင်မျက်လုံးသဏ္ဍန်ဖော်ဆောင်ထားတဲ့ Eyeliner ခြယ်နည်းက သင် ထင်နေသလို old fashioned မဟုတ်ပါဘူး။
၁၉၅၀ ၀န်းကျင်ထိ Liquid liner တွေ မပေါ်သေးတဲ့အတွက် ၂၀ ရာစု ဒါမှမဟုတ် ၃၀ ရာစု ခေတ်ရဲ့ ကျော်ကြားသူ တစ်ယောက်လို ပြင်ဆင်ဖို့ စိတ်ကူးထားရင် သင့်ရဲ့ မျက်တောင် တွေကို ကော့ကော့ လေး ဖြစ်အောင် မလုပ်ဘဲ ထူပျစ်ပျစ် ဖြစ်အောင် ပြင်ဖို့ အမှတ်ရပါ။

(၇) အမြင်အာရုံနဲ့ ဆိုင်တဲ့ ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
Eye and Contact Lens ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ မျက်ခွံအတွင်းဘက်ထိအောင် Eyeliner ချယ်ရင်  မိတ်ကပ်တွေ မျက်လုံးထဲ ၀င်နိုင်တာကြောင့်  အမြင်အာရုံကို ထိခိုက်စေနိုင်တယ် လို့ ဆိုထားပါတယ်။

(၈) အမျိုးသားတွေလည်း ပြန်လည် အသုံးပြုလာကြပါပြီ။
ဟုတ်ပါတယ်။ ယောကျာ်းလေးတွေကလည်း ခု အသုံးပြုနေကြပါပြီ။ မကြာသေးမီကလေ့လာတွေ့ရှိချက်တစ်ခု အရ ဗြိတိသျှ အမျိုးသား ဆယ်ဦးမှာ တစ်ဦးက ကွန်ဆီလာ၊ နှုတ်ခမ်းအဆီ၊ နဲ့ Eyeline အပါအ၀င် မိတ်ကပ်လိမ်းခြယ်နေတယ် ဆို တွေ့ရှိရပါတယ်။

 Credit :Trend Myanmar