Breaking News

Facebookမှာ ပို့စ်တစ်ခုတင်ပြီးနောက် မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့သည့်ကောင်မလေး News


အသက် 20 အရွယ်သာရှိသေးတဲ့ Cardiff Universty ကျောင်းသူ Daisy Ho ဟာ သူမနေတဲ့ ကျောင်းသူအဆောင်ထဲမှာပဲ သေကြောင်းကြံစည်ခဲ့ပါတယ်။ Ho ဟာ ကယ်လီဖိုးနီးယားကို ရောက်နေတဲ့ သူမရဲ့အခင်ဆုံးသူငယ်ချင်းကို ရည်ရွယ်ပြီး နောက်ဆုံး နှုတ်ဆက်စကားကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် မကြာမီမှာပဲ သေကြောင်းကြံခဲ့တာပါ။

သေမှုသေခင်းမှာ ဖော်ပြထားတာကတော့ Ho ဟာ ဟောင်ကောင်မှ အင်္ဂလန်သို့ ပညာရေးနဲ့ လူမှုဗေဒအထူးပြုအဖြစ် လာရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူုတစ်ယောက်ဖြစ်ပြီး၊ အင်္ဂလန်ကို ရောက်စကတည်းက စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Ho ဟာ ဒုတိယနှစ်ကျောင်းသူတစ်ယောက် ဖြစ်ပြီး သူမရဲ့ သူငယ်ချင်းကို ရည်ရွယ်ကာ ” အခု သန်းခေါင်ရောက်ဖို့ ငါးမိနစ်ပေါ့ … နောက်ထပ် ငါးနာရီအတော်အတွင်းမှာ ငါ နင်နဲ့အဆက်အသွယ် ပျက်သွားခဲ့ပြီဆိုရင် သေပြီလို့သာ သဘောထားလိုက်ပါ … အရာရာတိုင်းအတွက် ကျေးဇူးပါ “လို့ ရေးသားခဲ့ပါတယ်။

ဒီမတိုင်ခင်တုန်းက Ho ဟာ လူမှုကွန်ယက်မှာ ” ကျွန်မ မနေချင်တော့ဘူး … အသက် ဆက်မရှင်ချင်တော့ဘူး .. သိပ်ကို နာကျင်နေပါပြီ “လို့ ရေးသားခဲ့ပါတယ်။ Ho ရဲ့ အချစ်ဆုံးသူငယ်ချင်း Gregory Lloyd က ” သူက ပြောတယ် … သူ့ကို လူမှုအသိုင်းအ၀န်းက ပယ်ထားကြတယ်တဲ့ … အဲဒါ ဘ၀မှာ လူဖြစ်အရှုံးဆုံးပဲတဲ့ “လို့ ရဲတွေကို ပြောခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ကာဒစ်ဖ်ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေပါတယ်။

Credit :နတ်စည်တော် (Shwemom)