Breaking News

ခင်ပွန်းဖြစ်သူဖောက်ပြန်နေတာကို FIND MY IPHONE APPနဲ့ အမိဖမ်းပြခဲ့သူ Love,

Find My iPhone


ကလေး၂ယောက် မိခင်ဖြစ်သူ Khadijah Bilal ဟာ သူ့ရဲ့ခင်ပွန်းကို သံသယရှိတာ တစ်နှစ်လောက်တောင် ရှိနေပါပြီ။သူမရဲ့ယောက်ျားဟာ အိမ်သိပ်မကပ်တော့ပါဘူး။ တစ်ခါတစ်လေ Weekend တွေမှာဆို မနက်မိုးလင်းခါနီးလောက်မှပြန်လာတတ်ပါတယ်။
အသက်၃၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့ယောက်ျားကို Find My iPhone appအသုံးပြုပြီး ခြေရာခံခဲ့ပါတယ်။ သူမယောက်ျားကိုင်နေတဲ့ဖုန်းဟာ သူမရဲ့ဖုန်းအဟောင်းဖြစ်တဲ့အတွက်Log In Details ကို သူမကသိနေပါတယ်။ သူမရဲ့ခြေရာမခံမှုအရာ သူမယောက်ျားဟာ အိမ်နဲ့၁၀မိုင်လောက် ဝေးတဲ့နေရာကို သွားနေတာကို သိရှိခဲ့ပါတယ်။

နောက်တော့ ကိုယ်တိုင်လိုက်သွားပြီး ခြေရာခံခဲ့ပါတယ်။ အလွတ်စုံထောက်တောင် ငှားပြီး နေရာအတိအကျကိုသိဖို့သူမကြိုးစားခဲ့ပါတယ်။ နောက်တော့ ယောက်ျားဖြစ်သူနဲ့ စကားများကြရင်း ယောက်ျားက အိမ်ပေါ်က ဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူမကတော့ သူမဘက်က မှန်ကြောင်းပြသချင်လို့လက်မလျော့ခဲ့ပါဘူး။ “သူက သူ့ကိုယ်သူလည်လှပြီထင်နေတာလေ။ ဒါပေမယ့် ကျွန်မက သူ့ထက်ပိုလည်ပြလိုက်တယ်လေ”

သူတို့လင်မယားဟာ လွန်ခဲ့တဲ့ ၅နှစ်က တွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၃မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သားသမီးစုစုပေါင်း ၃ယောက်ရှိပါတယ်။

Credit: shwemom