Breaking News

လည်ပင်းကျီးပေါင်းတက်ရင် ခံစားရတဲ့ ဝေဒနာများ Health,


လည်ပင်းကျီးပေါင်းတက်ခြင်းက ဖုန်းအသုံးများတဲ့အခါ၊ စာငုံ့ဖတ်တတ်သူတွေ အများဆုံး ခံစားရလေ့ရှိတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။
play

အသက် (၆၅) နှစ် အထက် ၉၀% လူကြီးတွေဟာ လည်ပင်းအရိုးကျီးပေါင်းတက်ခြင်း ဝေဒနာတွေကို ခံစားနေရပါတယ်။ အသက်အရွယ် ကြီးလာတာတဲ့အခါ ကိုယ်ခန္ဓာရှိ အရိုးအဆစ်တွေ ပြောင်းလဲပျက်ယွင်းရာကနေ ဖြစ်တာများပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ အဆစ်နှစ်ခုကြားမှာ ကူရှင်လိုခံထားတဲ့ အဆစ်အပြားလေးတွေ အဆီခန်းခြောက်ပြီး ပွလာခြင်း၊ ကျွံထွက်လာခြင်း၊ အရိုးကနေ ဘေးကို အတက်လေးတွေ ထွက်လာခြင်း၊ လည်ပင်းရိုး အဆစ် တစ်ခုနှင့်တစ်ခုကြားရှိ အရွတ်တွေ ပျော့ပြောင်းမှုမရှိတော့ဘဲ မာကြောလာခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ၊ လည်ဂုတ်ပေါ်မှာ ဖိအားအများကြီးပေးခံရတဲ့အခါ၊ လည်ပင်းမှာ ထိခိုက်ဒဏ်ရာရထားတဲ့အခါ ဒါမှမဟုတ် မျိုးရိုးဗီဇရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
play
play

လည်ပင်းကျီးပေါင်းတက်တဲ့အခါ စဖြစ်ဖြစ်ခြင်း ဘာမှခံစားရလေ့ မရှိပါဘူး။ တဖြည်းဖြည်း အချိန်ကြာလာတဲ့အခါ ဇက်ကြောတက်တာတွေ၊ ကြွက်သား တောင့်တင်းလာတာတွေကို ခံစားရနိုင်ပါတယ်။ တစ်ခါတစ်လေ ကျီးပေါင်းအတက်က လည်ပင်းအဆစ်ကြားမှာရှိတဲ့ အာရုံကြောမကြီးကို သွားဖိမိပြီး ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အာရုံစိုက်တာများပြီဆိုရင် ဇောချွေးများ ပြန်လာပြီး ခြေလက်များ ထုံကျဉ်လာခြင်း၊ ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လှည့်လိုက်ရင် မိုက်ခနဲ မူးဝေခြင်း၊ အားမရှိသလို ခံစားရခြင်း၊ အမြင်ဝေဝါးပြီး မျက်ရိုးကိုက်ခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ရန် ခက်ခဲလာခြင်း၊ ဆီး၊ ၀မ်းမထိန်းနိုင်ခြင်းတွေ ဖြစ်လာပါလိမ့်မယ်။
play

ဒီဝေဒနာတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ဆေး၊ လိမ်းဆေး၊ ခေါင်းလှည့်တဲ့ လေ့ကျင့်ခန်းတွေနဲ့ သက်သာအောင် ကုသနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် သက်သာအောင် လုပ်ချင်ရင်တော့ လည်ပင်း လေ့ကျင့်ခန်း~ ပုံမှန်လုပ်ပါ။ ရေနွေးအိတ် (သို့) ရေခဲ ကပ်ပေးပါ။ လည်ပင်းကို ယိမ်းယိုင်မသွားစေဖို့ လည်ပင်းအစွပ် တပ်ထားပေးပါ။

Source : HealthLine