Breaking News

ဗိုက်အောင့်ရင်ပူတာတွေကို ခဏခဏ ဖြစ်စေတဲ့ အလေ့အကျင့် (၅) ခုHealth,


ပူစပ်တဲ့အစားအစာမျိုးတွေ စားပြီးတဲ့အခါမှာ ရင်ပူတာမျိုးဟာ ပိုထင်ထင်ရှားရှားဖြစ်လေ့ရှိပါတယ်။ တစ်ခါတစ်လေ အစားမှားပြီး မခံနိုင်အောင် ပူလေ့ရှိပါတယ်။ ဒီလို ရင်ပူရခြင်းဟာ acid reflux လို့ခေါ်တဲ့ အစာအိမ်တွင်းက အက်ဆစ်တွေဟာ အစာပြွန် (esophagus) ဆီ ပြန်တက်လို့ဖြစ်ပါတယ်။ acid reflux ဖြစ်ရတဲ့ အဓိကအကြောင်းအရင်း နှစ်ခု ရှိပါတယ်။ အစာအိမ်အက်ဆစ်တွေ လည်မျိုကို ပြန်လည်တက်လာခြင်းကို ကာကွယ်ထားတဲ့ အစာပြွန်ကြွက်သားတွေ လျော့ရဲလာခြင်းနဲ့ အစာအိမ်အပေါ်ပိုင်းက ရင်ခေါင်းထဲသို့ ဖိတွန်းတာကြောင့် ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အလေ့အကျင့်တွေကတော့ အစာပြွှန်ကြွက်သားလျော့ရဲလာစေတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။
၁ - အရက်
play

အရက်တွေ နေ့စဉ် အသောက်များနေတယ်ဆိုရင်တော့ အကျိုးဆက်က နောက်မှလာမှာပါ။ သောက်တုန်းမှာ မဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဖြစ်လာနိုင်တာပါ။ အရက်ကြောင့် အစာပြွန် အောက်ဘက်ကြွက်သားတွေကို ဖိအားတွေ ဖြစ်စေပြီး နောက်ပိုင်းမှာ ရင်ပူတာတွေ ဖြစ်လာပါတယ်။ အရက်ကြောင့် ပါးစပ်တွင်းက တံတွေးပမာဏဟာ လျော့ကျပြီး အစာအိမ်ထဲက အက်ဆစ်တွေကို လိုအပ်သလောက် မရှင်းနိုင်တော့ပါဘူး။

၂ - ပီကေ
play

ပူရှိန်းပီကေမျိုးကို ဝါးလေ့ရှိတာ ဖြစ်ပါတယ်။ ဒီလို ပူရှိန်းပီကေဝါးတဲ့အကျင့်ကလည်း အစာပြွန် အောက်ဘက်ကြွက်သားတွေကို ပျော့စေပါတယ်။ ပီကေဝါးတဲ့အကျင့်ကို ဖျောက်တာ၊ ဒါမှမဟုတ် ပူရှိန်းမပါတဲ့ ရိုးရိုးပီကေမျိုးကို ပြောင်းဝါးသင့်ပါတယ်။
၃ - ညဥ့်နက်မှစားခြင်း
play

ညဥ့်နက်မှ အစာ စားတာဟာလည်း ရင်ပူခြင်းကို ဖြစ်ပေါ်စေပါတယ်။ အိပ်ရာမဝင်ခင် နှစ်နာရီအချိန်တွင်း ဘာမှမစားသင့်ပါဘူး။ မှောက်အိပ်တာ၊ ဘေးတစ်စောင်းအိပ်တာမျိုးတွေလုပ်တဲ့အခါ ပိုဆိုးပါတယ်။  အစာအိမ်ပြွန်ထဲ အက်ဆစ်တွေ ပြန်တက်လာပြီး ရင်ပူစေတာ ဖြစ်ပါတယ်။

၎ - လိုတာထက် ပိုစားခြင်း
play

လိုတာထက် ပိုစားတာ ဖြစ်ပါတယ်။ဗိုက်ပြည့်နေပြီ ဖြစ်ပေမဲ့ အနည်းငယ်ပိုစားတဲ့အကျင့် ဖြစ်ပါတယ်။ စစားပြီဆိုတာနဲ့ အစာအိမ်ဟာ အစာခြေဖျက်မှုကို စတင်ပြုလုပ်ပြီး အစာအိမ်အက်ဆစ်ရည်တွေကို ထုတ်လုပ်ပါတယ်။ အက်ဆစ်ပိုထုတ်လုပ်လာတဲ့အခါ အစာအိမ်ကနေ အစာပြွှန်ဆီပြန်တက်ဖို့ အလားအလာများပါတယ်။
၅ - ကော်ဖီ
play

ကော်ဖီအသောက်များတာကလည်း ရင်ပူစေပါတယ်။ ကဖိန်းဓာတ်ဟာ အစာပြွှန်ကြွက်သားတွေကို ပျော့စေပါတယ်။ ရင်ခဏခဏ ပူလေ့ရှိသူတွေဟာ ကော်ဖီသောက်တာကြောင့် ရင်ပူရတယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။တစ်နေ့ တစ်ခွက်ကနေ နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။
Photos & Source: Men Health Credit :duwun