Breaking News

အမျိုးသမီးများ သတိထားသင်တဲ့ ရင်သားကင်ဆာရောဂါ လက္ခဏာများHealth


အမျိုးသမီးတွေအတွက် ရင်သားကင်ဆာ ရောဂါဟာ အလွန်ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပါတယ်။ ရင်သားကင်ဆာကြောင့် သေဆုံးမှုမှာ ကင်ဆာဖြစ်နေမှန်း စောစောစီးစီး ကြိုသိထားမယ်ဆိုရင် မိမိအသက်အန္တရာယ်လည်း မစိုးရိမ်ရတော့ပါဘူး။
လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ရှိပါတယ်။ ပုံမှန်စစ်ဆေးမှုတွေက ဆေးခန်းမှာ စစ်ဆေးရပြီး ရံဖန်ရံခါ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါတယ်။ တစ်ချို့ကျန်းမာရေးစစ်ဆေးမှုတွေကိုတော့ အိမ်မှာပဲ ကိုယ့်ဘာသာကို လုပ်လို့ ရပါတယ်။
play

အမျိုးသမီးတွေအနေနဲ့ နှစ်စဉ် ပုံမှန်ရင်သားကင်ဆာရောဂါ လက္ခဏာတစ်ရပ်ဖြစ်တဲ့ ရင်သားမှာ အကြိတ်ရှိ၊ မရှိ မိမိဘာသာ အိမ်မှာ ဘယ်လိုစမ်းသပ်စစ်ဆေးမလဲ။ တစ်လတစ်ကြိမ်  ဘယ်လို လုပ်ရလဲ အောက်မှာ ကြည့်ရအောင်။
ရင်သားမှာ အကြိတ်ရှိမရှိ စစ်ဆေးတဲ့အခါမှာ လုပ်ရမယ့် အဆင့် (၃) ဆင့် ရှိပါတယ်။
(၁) မတ်တပ်ရပ်နေတုန်းမှာ ရင်သားတစ်ဝိုက်မှာ အဖုလေး၊ အခဲလေး ဒါမှမဟုတ် အကြိတ်လိုမျိုး မာနေတာမျိုး ရှိလား ပုံထဲကလို စမ်းသပ်ပါ။
play

(၂) မှန်ထဲမှာ မိမိရင်သား သားမြတ်ထိပ်က အရောင်ပြောင်း၊ မပြောင်း ကြည့်ပါ။
(၃) လှဲလျောင်းပြီး ပုခုံးနှစ်ဖက်အောက်မှာ ခေါင်းအုံးကို ထားလိုက်ပါ။ ဦးခေါင်း အပေါ်ဘက်ကို လက်မောင်း တစ်ဖက် မြောက်ပြီး ထားလိုက်ပါ။ ရင်သားကို လေးပိုင်း ပိုင်းလိုက်ပါ။ ချိုင်းနားနီးတဲ့ အပေါ်ပိုင်းနေရာမှာ သတိထားပြီး စမ်းကြည့်ရင် အဖုလေး၊ အခဲလေး ဒါမှမဟုတ် အကြိတ်လိုမျိုး မာနေတာမျိုး ရှိ၊ မရှိ စစ်ဆေးပါ။
play

တစ်လတစ်ကြိမ် မိမိ ရေမချိုးခင်၊ ရေချိုးပြီးတဲ့အချိန်နဲ့ အခြားအချိန်မှာ လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။ ဒီလို စစ်ပေးတာက သင့် ရင်သားကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ စမ်းရင်းနဲ့ အဖုလေးလို အကြိတ်လေးလို စမ်းမိတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း သွားရောက်ပြသသင့်ပါတယ်။ ရင်သားကင်ဆာ ရောဂါက ဖြစ်လို့ဖြစ်နေမှန်း မသိရတတ်ပါဘူး။ ဒီလို စစ်ဆေးလိုက်တဲ့အခါမှာ ရင်သားကျန်းမာရေးကောင်း၊ မကောင်းကို သိနိုင်မယ်။ တကယ်လို့ ရင်သားအရေပြားရှုံ့နေခြင်း (သို့) ချိုင့်နေခြင်း၊ နို့သီးခေါင်းအတွင်းဘက်သို့ဝင်နေခြင်း၊ နို့သီးခေါင်းတွင် အရည်စိုစိုစွတ်စွတ်ဖြစ်နေခြင်း၊  နို့သီးခေါင်း(သို့) ရင်သားနီမြန်းခြင်း၊ အသားစဖတ်လေးများကွာကျလာခြင်း အစရှိတဲ့ ရင်သားပြောင်းလဲမှုတွေ ရှိနေမယ်ဆိုရင်လည်း ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ လက္ခဏာတွေဖြစ်တာမို့ ဆိုးဆိုးရွားရွား ကျန်းမာရေးမထိခိုက်မီ ကြိုတင်သိရှိထားနိုင်မှာ ဖြစ်ပါတယ်။


ဒီလို လက္ခဏာပြတိုင်း ရင်သားကင်ဆာရောဂါဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဖြစ်နေခဲ့တယ်ဆိုရင် စောစောစီးစီး ကုသနိုင်မှာဖြစ်ပါတယ်။
Source : Webmd