Breaking News

ခန္ဓာကိုယ်မှာ သံဓာတ် ချို့တဲ့နေကြောင်း ပြသနေတဲ့ လက္ခဏာ (၉) ခုHealth,



ဒါကို အမှုမဲ့အမှတ်မဲ့ နေနေလို့ သတိမထားမိကြတာပါ။
အမျိုးသမီးထုရဲ့ ၉ ရာခိုင်နှုန်းခန့်ဟာ သံဓာတ် ချို့တဲ့မှုကို ခံစားနေရတယ်လို့ အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ့ထက်လည်း ပိုပြီးများနေနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် သံဓာတ်လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ ဒါကို အမှုမဲ့အမှတ်မဲ့ နေနေလို့ သတိမထားမိကြတာပါ။ ယခုဖော်ပြမယ့် လက္ခဏာတွေ ကြုံနေရပြီဆိုရင်တော့ သံဓာတ်လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်နေပါပြီ။
၁။ နွမ်းနယ်ခြင်း
သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင်က အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့အရာပါ။ သံဓာတ်ချို့တဲ့နေရင် ဟေမိုဂလိုဘင်အားနည်းပြီး လူကလည်း အမြဲတမ်းလိုလို နုံးချိနွမ်းနယ်နေရပါတယ်။
၂။ အာရုံမစိုက်နိုင်
သံဓာတ်အားနည်းတဲ့အခါ အာရုံကြောထုတ်လွှင့်မှုဖြစ်စဉ်လည်း အားနည်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။
၃။ စိတ်မပါလက်မပါဖြစ်ခြင်း
ဘာကိုမှ လုပ်ကိုင်လိုစိတ်မရှိဘဲ ခွေခေါက်နေချင်တာမျိုးပါ။ သူလည်းပဲ နံပါတ်နှစ်မှာ ဖော်ပြခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။
၎။ အသက်ရှုမဝခြင်း
အားကစားလုပ်နေချိန်ဖြစ်ဖြစ် သာမာန်အတိုင်း လမ်းလျှောက်နေတဲ့အချိန်မှာဖြစ်ဖြစ် အသက်ရှုကျပ်တာ၊ အသက်ရှုမဝတာမျိုး ကြုံနေရတာကို ဆိုလိုတာပါ။ သွေးထဲမှာ သံဓာတ်နည်းလာတော့ ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ပိုတောင့်တလာတဲ့သဘောပါပဲ။
၅။ ဖျော့တော့တဲ့ အသားအရေ
အသားအရေကလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေပါတယ်။ သံဓာတ်အားနည်းမှုက သွေးစီးဆင်းမှုကို လျော့ကျစေပြီး သွေးနီဥဆဲလ်တွေကိုပါ လျော့ကျစေလို့ လူက ဖြူဖျော့ပြီး လူမမာရုပ်ပေါက်နေတာပါ။
၆။ ပုံမှန်လုပ်နေကြအားကစားတောင် မလုပ်နိုင်ဘူး
နေ့စဉ်တိုင်း လုပ်နေကြဖြစ်တဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေကိုတောင်မှ ရုတ်တရက် မလုပ်နိုင်တော့တာမျိုး ဖြစ်လာပါတယ်။ သံဓာတ်အားနည်းရာက သွေးအားနည်းလာလို့ လူက အမောမခံနိုင်တော့ပါဘူး။
၇။ ကြွက်သားတွေနာကျင်
ဘယ်လိုကြောင့်ရယ်မှန်းမသိ အကြောင်းပြချက်မရှိဘဲ ကြွက်သားတွေ နာကျင်တာမျိုး ကြုံနေရတာကလည်း သံဓာတ်အားနည်းခြင်းရဲ့ လက္ခာရပ်တစ်ခုပါပဲ။
၈။ လက်သည်းတွေကြွပ်ဆတ်တာ
လက်သည်းခွံ၊ ခြေသည်းခွံတွေက အရင်လိုပျော့ပျောင်းကြည်လင်မနေတော့ပါဘူး။ မာကြောကြွပ်ဆတ်ပြီး ကျိုးလွယ် ပဲ့လွယ်နေပါတယ်။
၉။ ဆီးအရောင်ပြောင်းနေခြင်း
ဆီးသွားတဲ့အခါ အရောင်က ပန်းရောင် (ဒါမှမဟုတ်) အနီရောင်ဖြစ်နေရင်တော့ ဆရာဝန်ဆီ သွားသင့်ပါပြီ။ သံဓာတ်ချို့တဲ့နေမှုက အတော်ဆိုးနေလို့ပါပဲ။ ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ အူဟာ ရောင်ခြယ်ပစ္စည်းတွေကို စုပ်ယူမှုတိုးလာလို့ဖြစ်ပါတယ်။

Source: Women Health
Credit: Duwun