Breaking News

ဆေးလိပ်သောက်ခြင်းနဲ့တူညီစွာ ကျန်းမာရေးချို့ယွင်းစေမယ့် အကျင့်ဆိုး (၄) ခု Lifestyle

play

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ပျက်စီးစေတာ အမှန်ပါပဲ။ ကိုယ်က ဆေးလိပ်မသောက်ဘူးဆိုတိုင်းလည်း ကျန်းမာမယ်လို့တော့ တထစ်ချ မမှတ်လိုက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ ညီမျှတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေ ဖြစ်လာအောင် ပြုမူနေထိုင်သလားဆိုတာလည်း ပြန်သုံးသပ်ပါ။ ယခဆုဖော်ပြမယ့် အကျင့်တွေ သင့်ဆီမှာရှိနေရင်တော့ ဆေးလိပ်သောက်လို့ ဖြစ်လာမယ့် ကင်ဆာဖြစ်ပွားမှုနှုန်းနဲ့ တူညီစွာ ခံစားလာရနိုင်ပါတယ်။
play

၁။ အသားနဲ့ချိစ် အလွန်အကျွံစားတာ
တိရစ္တာန်တွေရဲ့အသားထဲမှာ IGF-1 လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးလည်း များစွာပါဝင်ပါတယ်။ ဒါက ကင်ဆာဆဲလ်တွေကို ပိုမိုကြီးထွားစေတဲ့ ဟော်မုန်းဓာတ်ပါ။ ပရိုတင်းဓာတ်များလွန်းတဲ့ အသားတွေကို စားသုံးသူတွေဟာ ပရိုတင်းဓာတ်နည်းတဲ့အသားကို စားသုံးသူတွေထက် ကင်ဆာကြောင့်သေဆုံးနိုင်ခြေ ၄ ဆ ပိုများကြောင်း တောင်ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
play

၂။ အိပ်ရေးမဝတာ
အိပ်ချိန် မလုံလောက်တာ၊ နှစ်ခြိုက်စွာအိပ်စက်မှု မရတာတွေက သွေးဖိအားမြင့်တက်စေပြီး သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ လေဖြတ်ခြင်းနဲ့ ရုတ်တရက်နှလုံးရပ်သွားတာမျိုးအထိပါ ဒုက္ခပေးနိုင်ပါတယ်။ ညတရေးနိုး ဖုန်းကိုဖွင့်ကြည့်ပြီး ဖေ့စ်ဘွတ်သုံးတာမျိုး မလုပ်ပါနဲ့။ ဒီလိုဆိုရင် ပြန်အိပ်မပျော်တော့ပါဘူး။ အိပ်ပျော်ရင်တောင်မှ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို မရနိုင်ပါဘူး။


၃။ မသုံးသင့်တဲ့ဆီနဲ့ ချက်ပြုတ်တာ
မသန့်ရှင်းတဲ့ဆီ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီတွေကို မသုံးသင့်ပါဘူး။ ကြော်ပြီးသားဆီကို ထပ်ခါတလဲလဲ ပြန်သုံးခြင်းဟာလည်း ကျန်းမာရေးကို ဆုတ်ယုတ်စေပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံးဆိုတဲ့ သံလွင်ဆီကို သုံးမယ်ဆိုရင်တောင် အပူချိန်မြင့်မြင့်မှာ ချက်ပြုတ်တာမျိုးလည်း ရှောင်ရပါမယ်။
play

၎။ တစ်နေကုန်ထိုင်တာ
အချိန်ကြာညောင်းလွန်းစွာ ထိုင်ရတဲ့အလုပ်ကို လုပ်နေသူတွေဟာ ကျန်းမာရေး ယိုယွင်းလာပါတယ်။ ကနေဒါနိုင်ငံက ကင်ဆာကုသရေးစင်တာတစ်ခုရဲ့ အဆိုအရ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားမှုတွေအနက် နှစ်စဉ် ၁၆၀,၀၀၀ ခန့်ဟာ အထိုင်များခြင်းနဲ့ ဆက်နွှယ်ပြီး ဖြစ်ပွားလာရတယ်လို့ ဆိုပါတယ်။
Source : Daily Star  Credit :duwun