Breaking News

မှော်ဆန်တဲ့အမြင်အာရုံမျက်လုံးရှိတဲ့ ကျောင်းသူကို သိပ္ပံပညာရှင် တို့အံ့သြတုန်လှုပ်သွားခဲ့ရ Lifestyle,


လွန်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်အချိန်တုန်းက ရှာဖွေတွေ့ရှိခဲ့တဲ့ ထူးဆန်း အံ့သြဖွယ်ရာမှော်ဆန်တဲ့ ကျောင်းသူမိန်းကလေးတစ်ဦးရဲ့ အမြင် စွမ်းအားထိုးဖောက်နိုင်မှုက စတက်ဂတ်သုတေသီတွေကို တုန်လှုပ် အံ့သြသွားစေခဲ့ပါတယ်။

အသက် ၂၁ အရွယ်ရှိတဲ့ သွားဆရာဝန်ကျောင်းသူမိန်းကလေးရဲ့ အမြင်စွမ်းအားက သာမန်လူတစ်ဦးမြင်နိုင်တဲ့ အမြင်စွမ်းအားရဲ့ အဆ ၂၀ နီးပါးထိ မြင်နိုင်စွမ်းအားရှိတာက မှော်စွမ်းအင် မျက်လုံး မျိုးကို ပိုင်ဆိုင်ထား လေသလားလို့တောင် ထင်ရပါတယ်။

ဝေးလံလွန်းတဲ့ အကွာအဝေး တစ်မိုင်ကျော်( ၁ ဒသမ ၆ ကီလိုမီ တာ) အကွာအဝေးကလာတဲ့ သူရဲ့ပုံရိပ်နဲ့ ဘယ်သူဘယ်ဝါဖြစ်သလဲ ဆိုတာကိုပါ အတိအကျမြင်နိုင်စွမ်းရှိပါတယ်။ နောက်ပြီးတော့ တီဗွီ ဖန်သားပြင်နဲ့ အလင်းဖန်သားပြင်တွေမှာ သွားလာလှုပ်ရှားနေတဲ့ အလွန်တရာသေးငယ်တဲ့ အလင်းအမှုန်၊ အရောင်စဉ်အစက်ငယ်က လေးတွေကိုတောင် မြင်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ 
Phothutaw