Breaking News

သိပ္ပံနည်းအရ ကိုယ်လုံးတီးအိပ်ရင် နှစ်ခြိုက်စွာ အိပ်ပျော်စေ Lifestyle,

ကိုယ်တုံးလုံး အိပ်တဲ့အခါမှာ ကိုယ်ခန္ဓာက ကိုယ်အပူချိန်ကျဆင်းသွားတဲ့အတွက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ တကယ်ထူးမထူးသိရအောင် တစ်သက်မှာ တစ်ခါတော့ အဝတ်မပါဘဲ အိပ်ကြည့်လိုက်ပါ။
play

အသားအရေကို လှပကောင်းမွန်စေတယ်
အဝတ်အစား မဝတ်ဘဲ ချွတ်အိပ်ခြင်းကြောင့် အကျိုးကျေးဇူးအကြီးကြီးခံစားရတာကတော့ အရေပြား ဖြစ်ပါတယ်။ အိပ်တဲ့အခါမှာ အရေပြားချွေးပေါက်တွေကို လေရှုဖို့ ဖွင့်ပေးထားသလို ဖြစ်စေပါတယ်။ ဝက်ခြံနဲ့ အခြားအပူကန်တတ်တဲ့သူတွေအတွက် အရမ်းကို ကောင်းတဲ့ အိပ်နည်းဖြစ်ပါတယ်။ ဆေးဝါးနဲ့ တခြားကုသမှုတွေထက်စာရင် ကိုယ်တုံးလုံး အိပ်ခြင်းက အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။
play

စိတ်ပျို ကိုယ်နု နေစေမယ်
ခန္ဓာကိုယ်မှာ ကိုယ်အပူချိန်ကျဆင်းသွားတဲ့အခါ ဟော်မုန်းထုတ်လုပ်မှုဟာ မြန်ဆန်သွက်လက်လာစေပါတယ်။  ကိုယ်တုံးလုံး အိပ်တဲ့အခါမှာ အေးအေးလူလူရှိတာကြောင့် အသားအရေက သူ့အလိုအလျောက် တင်းရင်းစေတဲ့ ဟော်မုန်းတွေထွက်လာကာ အလိုလို သဘာဝအတိုင်း ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။ အရေပြားတွန့်တာ၊ အရေးအကြောင်းပေါ်တာတွေကိုလည်း ချုပ်ချယ်ထားတာမျိုး မရှိတော့တာမို့ လွတ်လွတ်လပ်လပ်ပြန်လည် ဆဲလ်အသစ်ဖြည့်တင်းနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

play

အိမ်ထောင်ရေးသာယာစေတယ်
လူ့သဘာဝအရ အသားချင်း ထိတွေ့မှုရရှိတဲ့အခါမှာ အောက်စီတိုစင် (Oxytocin) လို့ ခေါ်တဲ့ ပျော်ရွှင်တဲ့ ခံစားချက်ကို ပေးနိုင်တဲ့ ဟော်မုန်း ထုတ်လုပ်ပေးပါတယ်။ ဒါဟာ အိမ်ထောင်ရေးသာယာစေပြီး မိမိလက်တွဲဖော်နဲ့ ဆက်ဆံရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။
play
ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာမယ်
ကိုယ်တုံးလုံး အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ သင့်စိတ်ထဲမှာ အနည်းနဲ့ အများတော့ တစ်ခုခုရင်းလိုက်ရသလို ခံစားရမှာပါ။ ဒါပေမဲ့လည်း အနေအထိုင် သက်သောင့်သက်သာရှိစေမှာ ဖြစ်ပြီး မိမိကိုယ်ကိုမိမိ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဒီလို အိပ်ကြည့်ပြီး နောင်တလည်းရမှာ မဟုတ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှု တိုးမြင့်လာပြီး တစ်နေ့ထက်တစ်နေ့ ပိုမို ကျေနပ်အားရမှုရှိတဲ့အရသာကို ခံစားလာရမှာဖြစ်ပါတယ်။
play

ဆီးချိုရောဂါနဲ့ အခြားပြင်းထန်တဲ့ရောဂါများ ကာကွယ်
အဝတ်ဗလာအိပ်ခြင်းရဲ့အံ့သြစရာအကောင်းဆုံး အကျိုးကျေးဇူးတစ်ခုကို ပြောရမယ်ဆိုရင်တော့ ဆီးချိုရောဂါရှိသူများဟာ အေးတဲ့အခန်းတစ်ခုထဲမှာ အဝတ်ဗလာနဲ့အိပ်မယ်ဆိုရင် ဆီးချိုရောဂါနဲ့ ပတ်သတ်တဲ့ အခြားပြင်းထန်တဲ့ရောဂါများ ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
play

အကြံပေးချင်တာတစ်ခုက အဝတ်ဗလာနဲ့ အိပ်တယ်ဆိုပေမယ့် အအေးမမိစေဖို့တော့ စောင်ထူထူခြုံထားသင့်တယ်လို့ ထင်ပါတယ်။ စောင်အိအိကို ထူထူခြုံစေတာက အိပ်မပျော်တဲ့ရောဂါခံစားနေရသူများကို ကုသတဲ့အခါမှာ အလွန်ထိရောက်တာကို တွေ့ရှိခဲ့ဖူးပါတယ်။ ထို့အပြင် အဝတ်မပါဘဲ စောင်ထူထူခြုံပြီးအိပ်စေတာက စိတ်ကျရောဂါခံစားနေရသူများကို စိတ်လုံခြုံသွားစေပြီး စိတ်ဓာတ်ကျဆင်းခြင်းအား သက်သာစေဖို့ သုံးတဲ့ ကုသနည်းတစ်ခုလည်းဖြစ်ပါတယ်။
Source : LinkedIn  Credit :duwun