Breaking News

ဆံပင်အမျိုးအစားအလိုက် ရွေးချယ်သုံးစွဲသင့်တဲ့ ခေါင်းလိမ်းဆီLifestyle



အမျိုးအစားချင်းမတူတဲ့ ဆံပင်တွေမှာ မတူညီတဲ့ ဂရုစိုက်ပေးမှုလိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ အဆီပြန်တတ်တဲ့ ဆံပင် ပိုင်ဆိုင်ထားပါက ခြောက်သွေ့တဲ့ ဆံပင်ပိုင်ရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးလို့မရပါဘူး။ အဲဒီလိုပဲ ဆံပင်အမျိုးအစားအလိုက် သင့်တော်တဲ့ ခေါင်းလိမ်းဆီကို သေချာရွေးဝယ်ဖို့ လိုအပ်ပါတယ်။

ခြောက်သွေ့တဲ့ ဆံပင်

ခြောက်သွေ့တဲ့ ဆံပင်တွေဟာ ကြွပ်ဆတ်လာခြင်း၊ ကျိုးပြတ်ခြင်းစတဲ့ ပျက်စီးမှု ဖြစ်ပွားတတ်ပါတယ်။ သံလွင်ဆီ သို့မဟုတ် မက်မွန်ဆီစတဲ့ ဆီတွေကို အသုံးပြုပါ။ ဒီဆီတွေက လိုအပ်တဲ့ အာဟာရ ပိုရစေပါတယ်။

အဆီပြန်တဲ့ ဆံပင်

အဆီပြန်တဲ့ ဆံပင်အမျိုးအစားတွေကို argan oil စတဲ့ အဆီဓာတ်ပိုနည်းတဲ့ အဆီတွေ အသုံးပြုသင့်ပါတယ်။ ဆံပင်ကို အဆီပြန်မနေစေတော့ဘဲ ပြန်တောက်ပလာစေလိမ့်မယ်။

သာမန်ဆံပင်

ဘယ်ခေါင်းလိမ်းဆီအမျိုးအစားမဆို အထူးသဖြင့် အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီက သံလွင်ဆီ၊ မက်မွန်ဆီတွေလောက် အဆီဓာတ်မလေးဘဲ အာဟာရအလုံအလောက်ရရှိစေပါတယ်။

ဗောက်ထခြင်း

ဗောက်ထတာက ဦးရေပြားမှာ မှိုစွဲခြင်းတစ်မျိုးပါပဲ။ ဒီအတွက် tea tree oil သို့မဟုတ် neem oil က အကောင်းဆုံး ဖြစ်ပါတယ်။

ဆံပင်အဖျားနှစ်ကွဲခြင်း

ဆံပင်နှစ်ခွကွဲတာက ဆံပင်ပြင်းထန်စွာပျက်စီးမှု လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီပြသနာအတွက် ကြက်ဆူဆီက အသင့်တော်ဆုံးဖြစ်ပါတယ်။

Credit :Trend Myanmar