Breaking News

လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်း Lifestyle,


အမြင်တွင်

လက်မောင်းတွင်းထိုးသွင်းရသောသေးငယ်တဲ့ပလတ်စတစ်ပစ္စည်း
ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ခြင်း
နှစ်ဖက်အပြန်အလှန်အသုံးပြုနိုင်ခြင်း
၉၉ % အကျိုးထိရောက်မှုရှိခြင်း
လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကိုတော့မကာကွယ်နိုင်ပါဘူး။ရောဂါကူးစက်နိုင်မှုလျှော့ချနိုင်ဖို့ နောက်ထပ်အကာအ ကွယ် နည်းလမ်း တစ်ခုအ နေ နဲ့ကွန်ဒုံး ကိုအသုံးပြုပါ။
တစ်ခါအသုံးပြီးပါက သုံးလေးနှစ်စိတ်ပူပန်စရာမလိုပါ။ဖယ်ရှားလိုက်တဲ့အခါအများဆုံး သုံးပတ်အတွင်းအမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ပြန်ဆောင်နိုင်ပါတယ်။
birth-control-implant
လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်းဆိုတာဘာလဲ?

လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်းဆိုတာ ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခုအပါအ၀င်ဖြစ်တယ်။ ပစ္စည်းအမျိုးအစား ပေါ်မူတည်ပြီး  သေးငယ်တဲ့ ပလတ်စတစ်ချောင်းလေး အရေပြားအောက် လက်မောင်း အထက်ပိုင်းကိုထိုးသွင်းပေးရပါမယ်။ခန္ဓာကိုယ်ထဲရှိ ဟောမုန်းများကို ဖြည်းညင်းစွာထုတ်လွှတ်ပေးပြီး ကိုယ်ဝန်ဆောင်နိုင်မှုကို လေးနှစ်အထိ ကာကွယ်ပေးပါတယ်။လက်မောင်းထဲထိုးသွင်းခြင်းဟာ မမြင်ရပေမယ့်  ထိုးသွင်းတဲ့နေရာကို ဖိလိုက်မယ်ဆိုရင်တော့ မိမိရဲ့လျှို့ဝှက်ချက် အနေနဲ့ခံစားရမှာပါ။ သင်ဟာစိတ်ပူပန်မှု ကင်းပြီး စိတ်ချရတဲ့သားဆက်ခြားနည်းကို ရှာနေတယ်ဆိုရင်တော့ လက်မောင်းထဲ ထိုးသွင်းတဲ့နည်းလမ်းဟာ ကောင်းမွန်တဲ့ရွေးချယ်မှု တစ်ခုပါပဲ။ ထိုးသွင်းပြီး မဖယ်ထုတ်ခင် အချိန်ထိ ဒါမှမဟုတ် ပြန်လည်အသုံးပြုတဲ့အချိန်ထိ ဘယ်ဘေးဥပါဒ် အန္တရာယ်မှ မဖြစ်စေနိုင်ပါဘူး။လက်မောင်းထဲထိုးသွင်းခြင်းဟာ အသက် ၃၅ နှစ်အထက်အမျိုးသမီး တွေအတွက် ဘေးကင်းစိတ်ချရတဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပြီး မိမိရဲ့ ဓမ္မတာရပ်ဆိုင်းသွားပြီး မီးယပ်သွေးဆုံးချိန်ရောက်တဲ့ တိုင်အောင် အသုံးပြုနိုင်ပါတယ်။


အဲ့ဒါက ဘယ်လိုလုပ်ဆောင်တာပါလဲ။

လက်မောင်းတွင်းထိုးသွင်းလိုက်တဲ့အခါ ဟော်မုန်းတွေဟာ မမျိုးအိမ်က သားဥတွေထုတ်လွှတ်ခြင်းကို ရပ်ဆိုင်းစေခြင်းကနေ ကိုယ်ဝန်ဆောင်ခြင်းကို တားဆီးပေးပါတယ်။သားအိမ်အ၀က အကျိအချွဲတွေထူထဲလာုပြီး တားဆီးပေးပြီး သားဥထဲကို သုတ်ရည်တွေမ၀င်ရောက်နိုင်အောင် တားဆီးကာကွယ်ပေးပါတယ်။

ဘယ်လိုသုံးစွဲရမလဲ။

ကျန်းမာရေးဝန်ထမ်း ဒါမှမဟုတ် ဆရာဝန်ဟာ ထိုးသွင်းမယ့်နေရာဝန်းကျင်ကိုထုံနေစေဖို့ ထုံဆေး ထိုးပေး ပါလိမ့်မယ်။ အဲ့ဒီ နောက် အပ်ပုံစံမျိုး ထိုးသွင်းမယ့် ပစ္စည်းလေးကို လက်မောင်းအပေါ်ဘက်  အရေပြားနဲ့ကြွက်သားကြားမှာ ထိုးသွင်းစိုက်ထားရပါမယ်။ ဓမ္မတာလာနေစဉ်အတောအတွင်းမှာ ထိုးသွင်းခဲ့မယ်ဆိုရင်တော့  အကျိုးသက်ရောက်မှုက ချက်ချင်းလက်ငင်းပြပါတယ်။ ဒါပေမဲ့ ထိုးသွင်းနေစဉ်အတောအတွင်းမှာ ဓမ္မတာရပ်သွားမယ်ဆိုရင်တော့ နောက်လာမယ့်  ရက်သတ္တပတ်တွေမှာ  စိတ်ချရအာင်အကာအကွယ် ကွန်ဒုံးကိုအသုံးပြုပါ။ တစ်ခါထိုးသွင်းပြီးရင် သုံး-လေးနှစ်လောက်ကိုယ်ဝန်ဆောင်တာကိုတားဆီးပေးမှာမို့  စိတ်ပူစရာမရှိပါဘူး။ သက်တမ်းကုန်ဆုံးရက် ရောက်လာရင်တော့ ဆရာဝန်ဆီသွားကာ သေးငယ်တဲ့အစင်းရာလေး ပြုလုပ်ပြီး ဖယ်ရှားလိုက်ပါ။ ပြီးတော့ မိမိရွေးချယ်တဲ့ ပစ္စည်းအမျိုးအစားကို နောက်တစ်ခါ ပြန်လည်ထည့် ထားနိုင်ပါတယ်။