Breaking News

အတွင်းခံကြော်ငြာသစ် ရိုက်ကူးနေတဲ့ ကန်ဒဲလ်ဂျန်နာ Lifestyle



အသက် ၂၁ နှစ်အရွယ်  စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာဟာ အီတလီနာမည်ကြီး တံဆိပ် La Perla အတွင်းခံတွေအတွက် ဓာတ်ပုံတွေ ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။
ကန်ဒဲလ်ဟာ အနက်ရောင် အသားကပ်ခြေအိပ်ကို သိုင်းကြိုးနဲ့ ဆက်စီကျကျပတ်လို့ အတွင်းခံတွေရဲ့အလှကို ပိုမိုပေါ်လွင်စေကာ ဒေါက်ဖိနပ်အမြင့်ကို ဝတ်ဆင်လိုက်ချိန်မှာတော့ သူမရဲ့ရှည်လျားလှတဲ့ ပေါင်တံသွယ်တွေက ပိုမိုလှပနေတာကို မြင်တွေ့ရပါတယ်။
play

ဘရာအဖြူ အတွင်းခံဘောင်းဘီအနီရဲလေးနဲ့ လဲလျောင်းရင်း သူမရဲ့ရှေ့မှာ "Boys lie" လို့ စာသားကို မြင်တွေ့ရပြီး လက်ထဲမှာ ဘော့စ်ဘောရိုက်တံကိုကိုင်ထားတဲ့ ဓာတ်ပုံကိုတော့ ကန်ဒဲလ်က အတော်လေးသဘောကျပုံရကာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ ပြန်မျှဝေထားပါတယ်။
သူမနဲ့ ရက်ပါ A$AP Rocky တို့ ပြတ်သွားကြပြီဆိုတဲ့ ကောလာဟာလတွေ ထွက်နေချိန်မှာ "Boy Lie" ဆိုတဲ့ စာတမ်းဟာ ဘာရယ်မဟုတ် ထည့်ထားတာလား၊ ဒါမှမဟုတ် တမင်ရည်ရွယ်ပြီး တင်ထားတာလားတော့ မသိပါဘူး။
play
သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်ကြောင်း အတည်ပြုပြောကြားဖူးခြင်း မရှိပေမဲ့ ပြတ်လိုက်ဆက်လိုက်ဖြစ်နေတာကတော့ တစ်နှစ်ကျော် ရှိနေပါပြီ။
ပြီးခဲ့တဲ့လကမှ သူတို့နှစ်ဦးကို ပါရီမြို့မှာ တွေ့လိုက်ရပြီးတဲ့နောက် နိုက်ကလပ်မှာရော ရှော့ပင်အတူထွက်နေတာရော တွေ့ရပါတယ်။
play

Source & Photos : the Sun