Breaking News

အဝလွန်ဇနီးမောင်နှံတွေ ကလေးရဖို့ ၅၀% ပိုအခက်တွေ့နိုင် Lifestyle



နှစ်ဦးစလုံး အဝလွန်တဲ့ စုံတွဲတွေဟာ အဝလွန်မှုမရှိတဲ့ စုံတွဲတွေနဲ့ စာရင် ကိုယ်ဝန်ရဖို့ အချိန် ၅၀% ပိုကြာနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ မျိုးပွားနိုင်မှုနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုအပေါ် လေ့လာမှုများစွာက အိမ်ထောင်ဖက်အမျိုးသမီးတွေကို အဓိကလေ့လာခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဒီလေ့လာတွေ့ရှိချက်တွေဟာ လက်တွဲဖော်နှစ်ဦးစလုံးရဲ့ အရေးပါမှုကို မီးမောင်းထိုးထားတယ်လို့ အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့က Rafeshwari Sundaram ဆိုသူက ပြောဆိုခဲ့ပါတယ်။

ယင်းလေ့လာမှုမှာ ၂၀၀၅ ကနေ ၂၀၀၉ အထိ Michigan နဲ့ Texas က စုံတွဲ ၅၀၁ ကို စာရင်းသွင်းလေ့လာခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေကို သူတို့ရဲ့ လစဉ်ရာသီစက်ဝိုင်း၊ ချစ်တင်းနှောမှုနဲ့ ကိုယ်ဝန်စစ်ဆေးမှုရလဒ်မှတ်တမ်းတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစုံတွဲတွေကို ကိုယ်ဝန်ရတဲ့အချိန်ထိ သို့မဟုတ် ကိုယ်ဝန်ရဖို့ ကြိုးပမ်းမှု တစ်ကျော်ကြာအထိ စောင့်ကြည့်လေ့လာခဲ့ပါတယ်။

သုတေသီတွေဟာ အဝမလွန်တဲ့ အုပ်စုထဲက စုံတွဲတွေကြား ပျှမ်းမျှ ကိုယ်ဝန်ရချိန်ကို အဝလွန်အုပ်စုက စုံတွဲတွေရဲ့ ပျှမ်းမျှကိုယ်ဝန်ရချိန်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

ဒီလေ့လာမှုကနေဆင့် အဝလွန်စုံတွဲတွေဟာ သာမန်ကိုယ်အလေးချိန်ရှိ စုံတွဲတွေထက် ကိုယ်ဝန်ရဖို့ ၅၅ ရာခိုင်နှုန်း ပိုကြာကြောင်း သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ကိုယ်ဝန်ရဖို့ လိုအပ်တဲ့အချိန်ကို လျှော့နည်းစေနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြခဲ့ပါတယ်။

Credit :Trend Myanmar