Breaking News

LOVE မဂ္ဂဇင်းရဲ့ ချစ်သူများနေ့အထူးထုတ်အတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ ဘယ်လာဟက်ဒီး News,

စူပါမော်ဒယ် ဘယ်လာဟက်ဒီးဟာ Love မဂ္ဂဇင်းရဲ့ ချစ်သူများနေ့အထူးထုတ်အတွက် ဓာတ်ပုံတွေမှာ ဆက်စီအကျဆုံးဒီဇိုင်းတွေနဲ့ မြင်တွေ့ရသလို Nike ကြော်ငြာမှာလည်း သူမရဲ့သွယ်လျတဲ့ ကိုယ်လုံးအလှကို ပြသထားပါတယ်။
play

LOVE မဂ္ဂဇင်းဟာ ဒီဇင်ဘာလတုန်းကလည်း နေ့အလိုက် မော်ဒယ်တွေနဲ့ ဆက်စီကျလှတဲ့ ဗီဒီယိုပြက္ခဒိန်တွေကို ဖန်တီးခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ပါဝင်ခဲ့တဲ့ ဘယ်လာဟက်ဒီးဟာ Valentine Day အတွက်လည်း LOVE မဂ္ဂဇင်းအတွက် ထပ်မံရိုက်ကူးပေးလိုက်ရပြန်ပါတယ်။
ဘယ်လာ့အတွက် ဒီတစ်ပတ်ဟာ အလွန်အလုပ်များတဲ့ သီတင်းပတ်ဖြစ်နေမှာပါပဲ။ သူမဟာ Nike အတွက်လည်း မော်ဒယ်လုပ်ပေးခဲ့ရပါတယ်။
play

အသက် ၂၀ အရွယ် ဘယ်လာအတွက် အားကစားဝတ်စုံကုမ္ပဏီအတွက် ကြော်ငြာရိုက်ကူးပေးရတာ ပထမဆုံးလည်းဖြစ်ပြီး သူမကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်ဆိုတာ သေချာပါတယ်။
play

Source & Photos : Daily Mail