Breaking News

နှုတ်ခမ်းခြောက်သူတွေ ဒီအချက်တွေကို သတိထားသင့် Love,



ခန္ဓာကိုယ်အရေပြားလိုပဲ အေးတဲ့ရာသီဥတုမှာ နှုတ်ခမ်းသားခြောက်သွေ့တာက ရှောင်လွှဲလို့ မရပါဘူး။ အရင်ဦးဆုံးအနေနဲ့ ခြောက်ကပ်နေတဲ့နှုတ်ခမ်းကို ပိုလို့တောင်ခြောက်သွေ့စေနိုင်တဲ့ နေ့စဉ်လုပ်နေကျ တစ်စုံတစ်ခု ရှိသလားဆိုတာ စဉ်းစားရပါမယ်။

ဒါလေးက အံ့သြသင့်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာခဏ ပြုလုပ်မိတဲ့ အရာတစ်ခုက သင့်ရဲ့ ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို ပိုဆိုးစေပါတယ်။ လျှာနဲ့ နှုတ်ခမ်းလျက်တာတွေ ရှောင်ကြဉ်ပါ။ ဒါ ခက်ခဲမယ်ဆိုတာ သိပါတယ်။ တစ်ခါတစ်လေ မသိစိတ်ရဲ့ စေ့ဆော်မှုအရ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုနှုတ်ခမ်းလျက်တာတွေ  ရပ်တန့်ပါ။

တံတွေးမှာ အက်ဆစ်ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် နှုတ်ခမ်းတွေ ခြောက်သွေ့နေချိန် လျှာနဲ့ အဆက်မပြတ်လျက်တာက ပိုလို့တောင် ခြောက်သွေ့စေနိုင်ပါတယ်။ နှုတ်ခမ်းကို လျှာနဲ့ လျက်ချင်ဇောဖြစ်လာတဲ့အခါ နှုတ်ခမ်းပေါ်မှာ လိမ်းထားတဲ့ lip balm ကိုပဲ လျက်ပါ။

Credit :Trend Myanmar