Breaking News

အဆန်းပြားဆုံးစတိုင်၊ အတက်ကြွဆုံးဖျော်ဖြေမှုနဲ့ လေဒီဂါဂါ Love,


အမြဲတမ်း ဆန်းဆန်းပြားပြားတွေ ဝတ်တတ်တဲ့ လေဒီဂါဂါဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညမှာ လော့ဆန်းဂျလိစ်ရှိ Staple Centre မှာ ကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို တက်ရောက်လာချိန်မှာ အခု ခေတ်စားနေတဲ့စတိုင်ကို သူမကိုယ်ပိုင်ဖက်ရှင်နဲ့ ပေါင်းစပ်ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။
play

အရင်က မိန်းကလေးတွေရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းအလှကို ရင်ဟိုက်အဝတ်အစားတွေနဲ့ ပြသကြပေမဲ့ အခုခေတ်စားနေတဲ့စတိုင်ကတော့ ရင်ကို အပေါ်က မဟုတ်ဘဲ အောက်ကနေဟိုက်တဲ့ စတိုင်ဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ် ပေါ့ပ်စတားဟာ အနက်ရောင် Crop Top ဒီဇိုင်းဆန်းကို အနက်ရောင်ဘောင်းဘီတို၊ PVC ဘွတ်ဖိနပ်တို့နဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။
play

ဂရမ်မီ ၆ ဆုရှင် လေဒီဂါဂါဟာ မက်တယ်လီကာနဲ့အတူ မက်တယ်လီကာ ရဲ့ "Moth Into Flame"  သီချင်းကို အတူသီဆိုဖျော်ဖြေခဲ့ပါတယ်။
သီချင်းသီဆိုစဉ်မှာ Crop Top နောက်တစ်စုံလဲလိုက်တဲ့ လေဒီဂါဂါဟာ မက်တယ်လီကာရဲ့သီချင်းကို စိတ်ပါလက်ပါသီဆိုကာ အားရပါးရကခုန်ခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ စတိတ်စင်ပေါ်မှာခြေခေါက်တော့မလို ဖြစ်သွားခဲ့ပေမဲ့ ကံကောင်းစွာပဲ ဂါဂါက ချက်ချင်း ဟန်ချက်ထိန်းနိုင်ခဲ့ပါတယ်။
play

အဲဒီနောက်သူမဟာ အောက်က ပရိသတ်ကြီးပေါ် ခုန်ချခဲ့ပြီး ပရိသတ်က သူမကို ဝိုင်းဝန်းမြှောက်ပေးထားကာ ဂါဂါဟာ ပရိသတ်တွေရဲ့လက်ပေါ်မှာ ပက်လက်အနေအထားနဲ့တောင် အကမပျက်ရှိနေခဲ့ပါတယ်။

Photos : Daily Mail