Breaking News

ပြိုင်ငိုချင်ပါရဲ့ … လှိုင်Love,



“တွယ်ငြိခြင်းသည်
ဆင်းရဲအစ သံသာရဟု
ချမ်းမြေ့သိလည်း တွယ်ငြိမြဲပင်
ရဲဝံ့သည်လား .. ကြောက်သည်လားဟု” ဆိုသည့် လှိုင်ထိပ်ခေါင်တင် ၏ ကဗျာတစ်ပိုဒ်ကို  ဖတ်မိလိုက်သောအခါ အတွေးရေယာဉ်ကြောမျောသွားမိသည်။

ကျွန်မကရော....ရဲဝံ့သည်လော..ကြောက်သည်လော.....။ ကျွန်မကိုယ်ကျွန်မလည်း သေချာပင်မသိခဲ့ပါ။ ဆယ်ကျော်သက်အရွယ် နုနုနယ်နယ်နှလုံးသားငယ်နှင့် ရူးရူးမိုက်မိုက် စိတ်ကစားခဲ့သည်ဟုဆိုရန်မှာလည်း ဆယ့်ငါးဆယ့်ခြောက်မြီးကောင်ပေါက်အရွယ်လည်း မဟုတ်တော့။ ဆယ်ကျော်သက်၏နှောင်းပိုင်းကာလ ဆယ့်ကိုးနှစ်မျှသော အသက်အရွယ်နီးပါး သို. ရောက်ရှိခဲ့လေပြီ။ အထိုက်အလျောက်သော စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှုလည်း ရှိခဲ့ပြီဟုလည်း ထင်ခဲ့မိသည်။ ကျွန်မ၏ကဗျာ ကျွန်မ၏စာများနှင့်တကွ အရာခပ်သိမ်းတွင် ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အပြည့်အ၀ရှိခဲ့ဖူးသည်။ ယခုမူကား နွေဦးပေါက်ကာလ လေပူတစ်ချက်အဝှေ.တွင် အရှိန်အဟုန်ပြင်းပြင်းနှင့် ကြွေကျလွင့်မျောရရှာသော သစ်ရွက်နုလေးများပမာ ဖြစ်ရတော့သည်။

တစ်စုံတစ်ရာအား နှစ်နှစ်ကာကာ စုံမက်မြတ်နိုးစွဲလမ်းမိလျှင် ထိုအရာအတွက် ကျွန်မတို.၏စိတ်အစဉ်နှင့်တကွအချိန်များကိုပါ ပေးမှန်းမသိပေးလိုက်မိကြသည်။ ထိုအရာသည် သက်မဲ့အရာဝထ္ထုဖြစ်ခဲ့လျှင် တော်သေးသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် မလွယ်တော့ချေ။ အစွဲအလန်းကြီးလွန်းလျှင်လည်း ကံဆိုးတတ်သည်။

ကျွန်မကံဆိုးခဲ့ပါသည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာလည်း ဆန်းကြယ်လှသည်။ မိမိအား မေတ္တာသက်ဝင်နေသူကိုလည်း ပြန်လည်ကာမေတ္တာတုံ.ပြန်í ရချင်မှရသည်။ မိမိအား ဂရုမစိုက် အဖက်မလုပ်သူအားလည်း ချစ်ချင်ချစ်သွားတတ်ကြသည်။ အချို.မူ ကံကောင်းကြသည်။ နှစ်ဦးနှစ်ဖက် မေတ္တာထားနိုင်ကြသည်။ ထိုပုဂ္ဂိုလ်များကဲ့သို့ သတ္တပါလနတ်မင်းကြီး၏ မျက်နှာသာပေးခြင်း မခံရသော ကျွန်မကတော့ ..............

“မျက်ရည်စိုနှင့် ငိုတော့မေရယ်
တွယ်တာစရာမေတ္တာကင်းမှ
နှောင်ငင်တွယ်ရာ သည်ကမ္ဘာမှာ
ဘာကိုမက်မော ပျော်လေမလဲ။” ဆိုသောဆရာမကြည်အေး၏ကဗျာစာပိုဒ်ကလေးကိုသာ သတိရမိနေပါတော့သည်။

Credit :Trend Myanmar