Breaking News

မိမိထက် အသက် ၃၀ ကြီးသူနဲ့ အိမ်ထောင်ကျတဲ့ မသန်စွမ်းအမျိုးသမီး Love,






ဘယ်တော့မှ အိမ်ထောင်ကျမှာမဟုတ်ဘူးလို့ ထင်မှတ်ထားတဲ့ သေးသေးညှက်ညှက်အမျိုးသမီးတစ်ဦးဟာ သူမထက် အသက် ၃၀ ပိုကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ ပိုက်ဆံတစ်ပြားတောင် မကုန်ဘဲ မင်္ဂလာပွဲအောင်မြင်ပြီးဆုံးသွားပါသတဲ့။  အသက် ၃၈ နှစ်အရွယ် Sayphon Jarunsi ဟာ အရိုးမသန်စွမ်းရောဂါနဲ့ မွေးလာပြီး သူမခန္ဓာကိုယ်ကြီးထွားမှု ရပ်တန့်စေကာ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ပါတယ်။

သူမရုပ်အသွင်ပြင်အပေါ် မခံမရပ်နိုင်အောင် အနိုင်ကျင့်ပြောစကားတွေ သည်းညည်းခံခဲ့ရပါတယ်၊ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ရပြီး အချစ်ဆိုတာ သူမဘ၀မှာ ရှာမတွေ့မှာ သူမ စိုးထိတ်နေခဲ့ပါတယ်။ သူများနဲ့မတူတော့ လူတွေ ကျမကို အထင်သေးကြတယ်၊ အခေါင်းထဲရောက်မှ မင်းရုပ်ရည် တင့်တယ်တော့မယ်လို့တောင် တချို့က ပြောကြတယ်လို့ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း Yasothon က Sayphon က ရင်ဖွင့်ခဲ့ပါတယ်။

နောက်တော့ အသက် ၃၀ ပိုကြီးတဲ့ လုံခြုံရေးအစောင့်တစ်ယောက်နဲ့ သူမ ချစ်ကြိုက်ခဲ့ပါတယ်။ နှစ်ယောက်အတူ လက်တွဲချက်ပေမယ့် မင်္ဂလာပွဲအတွက် ငွေကြေးအလုံလောက်မရှိခဲ့ကြပါဘူး။ ဒါပေမယ့် Sayphon ဟာ ပိုက်ဆံရှိ ဖောက်သည်တွေကို ပြင်ပေးလေ့ရှိတဲ့ အလှဖန်တီးရှင်နဲ့ မိတ်ကပ်ပညာရှင်တစ်ဦးကို ဆက်သွယ်ပြီးနောက် သူမအိပ်မက်လက်တွေ့ဖြစ်လာခဲ့ပါတယ်။

Salon Angel လို့လည်း သိရတဲ့ Mr Ritcheveephat ဟာ အားလပ်ချိန်တွေမှာ ဆင်းရဲသူတွေကို အခမဲ့ဝန်ဆောင်မှုလိုက်ပေးနေသူဖြစ်ပါတယ်။ Sayphon က သူ့ဆီ တင့်တယ်လှပတဲ့ သတို့သမီးဖြစ်ချင်တယ်။ ဒါပေမယ့် ကျမ ပိုက်ဆံမတတ်နိုင်ဘူးလို့ ဆက်သွယ်ပြောဆိုလိုက်ပါတယ်။

အဲဒီအခါ Salon Angel ချက်ချင်း လှုပ်ရှားပြီး ကူညီပေးဖို့ စီစဉ်လိုက်ပါတယ်။ သူတို့ကို မိတ်ကပ်နဲ့ ဆံပင်ပြုပြင်ပေးမှုအပြင် ပွဲလုပ်မယ့်နေရာ၊ ဝတ်စုံနဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုတောင် ပံ့ပိုးကူညီပေးခဲ့ပါသေးတယ်။ Salon Angel ကိုယ်တိုင် လည်း အဲဒီမင်္ဂလာဆောင်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ကျွန်မအိပ်မက် အပြင်မှာ တကယ်လက်တွေ့ဖြစ်လာပြီလို့ Sayphon က ၀မ်းသာအားရ ပြောဆိုခဲ့ပါတယ်။

Credit :Trend Myanmar