Breaking News

အချစ်(သို့ မဟုတ်) အမျိုးသမီးများမသိသောအချစ်( အမျိုးသမီးများဖတ်ရန်မသင့် တော်ပါ) Love,




တစ်ခါတစ်ခါ လောကမှာ မမျှတဆုံးအရာကိုပြောပါဆိုရင်အချစ်ဆိုတဲ့ အရာထိပ်ဆုံးကပါတယ်။ တစ်ကယ်ကအချစ်ဆိုမမျှတမှုတွေဖြစ်နေတယ်ဆိုတာ ထူးခြားဆန်းပြား နားလည်ရခက်လွန်းတာကြောင့် ဆိုတာထက် တစ်ကယ်နားလည်တဲ့ သူတွေကိုဘေးဖယ်ထားတာကြောင့် လဲပါတယ်။ နားရှုပ်သွားသလား....? မေးခွန်းတစ်ခုမေးမယ်
၁) ရှိတ်စဖီးယားရဲ့  ရိုမီယို နဲ့ ဂျူးလိယက်ကြားဖူးလား....(ဟ ငါ့ တူလေးတောင်သိတယ်.....၁၀၀ မှာ ၉၉ ယောက်သိတယ်..ရုပ်ရှင်တွေသီချင်းတွေ မှာလဲပါတယ်...ပြောပြရရင်....နေ နေရပြီတော်ပြီ)
၂) ပလေတို ရဲ့ ဆင်ပိုးဇီယင်(Symposium) ကိုကော..(အာ့ စားစရာလား...တိန်....)
အဲဒီနှစ်ခုလုံးက အချစ်နဲ့ ပတ်သတ်ရင် ကမ္ဘာကျော်တဲ့ စာပေနှစ်ခုပဲ။ ဘာလို့  ဒုတိယတစ်ခုကလူသိသိပ်များလဲ(ဒုတိယတစ်ခုလဲလူသိများပါတယ်။ ဒါပေမယ့် အမျိုးသမီးထုကသိပ်ဖတ်လေ့ ကြိုက်လေ့ မရှိလို့ သာမန် အနုသုခုမ တွေမှာတွေ့ ရလေ့ မရှိလို့ လူအများမသိတာပါ)
ဒီမှာ Root cause လို့ ခေါ်တဲ့ အကြောင်းဇစ်မြစ်ကိုကြည့် ရင် အချစ်နဲ့ ပတ်သတ်လာရင်ကျွန်တော်တို့ အမျိုးသားထုက အမျိုးသမီးတွေကိုသိပ်ဦးစားပေးလွန်းတယ်။ အချစ်ဆိုတာ ကျား/မ မခွဲခြားပဲလူနှစ်ဦးရဲ့ စိတ်နှလုံး ခံစားချက်ကိုအခြေတည်တာကြောင့်  ကျွန်တော်တို့ ကျားတွေရဲ့ အသံကိုလဲအမျိုးသမီးထုသဘောပေါက်ဖို့ လိုတယ်။(အချစ်နဲ့ ပတ်သတ်ရင် အနုသုခုမတွေ မှာ ကျားကော မကော တန်းတူဖန်တီးကြတာပဲမဟုတ်လား)
ကျွန်တော်ပြောမယ်။ အောက်ကမေးခွန်းလေးတွေကိုဖြေကြည့် 
၁)ချစ်သူများနေ့ လိုနေ့ မျိုးတွေမှာထွက်တဲ့ အသုံးအဆောင်၊ အစားအသောက်၊ လူသုံးကုန်၊ ၀န်ဆောင်မှု၊အ၀တ်အထည် စတာတွေရဲ့ အခင်းအကျင်း အဆင်အပြင် နောက်ဆုံးအရောင် စတာတွေအများစုဟာ အမျိုးသမီးတွေအကြိုက်ကိုအခြေခံလား..အမျိုးသားတွရဲ့ စိတ် ခံစားချက်အကြိုက်တွေကိုအခြေခံလား
၂) မိန်းကလေးကြိုက်အချစ်သီချင်းတွေ ကဗျာတွေအများစုဟာ မိန်းကလေးတွေရဲ့ (တင်ဆက်သူကိုယ်တိုင်ရဲ့ )စိတ်ခံစားချက်ကိုဖော်ကျူးပေမယ့်  ယောကျားလေးကြိုက် သီချင်းကဗျာတွေက သူ့ ချစ်သူအလှ(သို့ မဟုတ်) သူ့ ချစ်သူကိုပြောချင်တာ(သို့ မဟုတ်)သူ့ ချစ်သူသဘောကျမှာလေးတွေကိုပဲဖော်ကျူးတယ်(အရှင်းဆုံးပြောရရင် women centered ပဲဘယ်ဖက်ကဖော်ကျူးကျူး)
၃) Romantic စိတ်ကူးယဉ်အချစ် (သို့ မဟုတ်) romantic ဆန်ခြင်းဆိုတဲ့ စံတွေမှာကော မိန်းကလေးဗဟိုပြုစံတွေလား ယောကျားလေးဗဟိုပြုစံတွေလား?
၎) အရမ်းချစ်တတ်တယ်ဆိုတဲ့ ယောကျားတစ်ယောက်ဖြစ်မဖြစ်ကိုမိန်းကလေးထုကဆုံးဖြတ်တယ်၊ အရမ်းချစ်တတ်တယ်ဆိုတဲ့ မိန်းကလေးဖြစ်မဖြစ်ကိုလဲမိန်းကလေးထုကပဲဆုံးဖြတ်တယ်။ (ဘယ်မှာလဲကျွန်တော်တို့ ရဲ့ အသံနဲ့  စံနှုန်းတွေ)
၅) Mass Media လို့ ခေါ်တဲ့ မီဒီယာတွေမှာကော ကျွန်တော်တို့ ယောကျားတွေရဲ့ နှလုံးသား စိတ်ခံစားမှုနဲ့ ပတ်သတ်တာလေးတွေကို အလေးပေးတာတွေတွေ့ ဖူးလား
ဟုတ်ပြီ...ကျွန်တော်ဘာပြောချင်တာလဲ...ကျွန်တော့် အယူအဆအရ Love's Divine and supreme beauty လို့ ပြောချင်တယ်။ နတ်ဝင်တဲ့  အလှတရားစစ်ဟာလဲတန်းတူညီမျှမှု သဟဇာတဖြစ်မှုပါဝင်နေမှအလှစစ်တယ်။ အလှစစ်ဖြစ်မှလဲအချစ်စစ်ဆိုတာပေါ်ထွန်းနေမှာဖြစ်တယ်။
ကျွန်တော်ဟာ ကျွန်တော်တို့ ချစ်တဲ့ အမျိုးသမီးထုကိုတိုက်ပွဲဝင်မှာမဟုတ်ဘူး...ကျွန်တော်ဟာ နောက်လာမယ့် မျိုးဆက်သစ်အမျိုးသားထုတွေဟာအချစ်နဲ့ ပတ်သတ်ရင်တန်းတူအခွင့် အရေးရရေး ညီမျှရေးအတွက်တိုက်ပွဲဝင်မှာဖြစ်တယ်။ ကျွန်တော်တို့ အမျိုးသားထုတွေဟာ ကိုယ့် အခွင့် အရေးအတွက် ကိုယ့် အသံကိုကြားအောင်လုပ်ရတော့ မှာဖြစ်တယ်။
မာတင်လူသာကင်းရဲ့  စတိုင်နဲ့ ပြောရရင်
I have a dream that one day this world will rise up and live out the true meaning of its creed: "We hold these truths to be self-evident, that all men and women are created equal."
I have a dream that my sons will one day live in a world where they will not be judged by the gender for their love but by the content of their heart.
I have a dream today!
ကာတွန်း-သူများဆီကမလာတာ