Breaking News

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို ဖျက်ဆီးပစ်တဲ့ အချက် (၄) ချက် Love,



အပြုသဘောဆောင်ပြီး အားပေးမှု ပေးတဲ့လုပ်ငန်းခွင်တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။ အားပေးမှု မရှိဘူးဆိုရင် အလုပ်အပေါ် စိတ်ဝင်စားမှုမရှိခြင်း၊ ပျင်းရိခြင်းစတဲ့ ပြသနာတွေ စတင်ဝင်ရောက်ပါလိမ့်မယ်။ စိတ်ဓာတ်လှုံ့ဆော်မှု မပေးတဲ့ ကုမ္ပဏီတစ်ခုခုမှာ လုပ်ဖူးရင် ဒီအချက်တွေအားလုံး သဘောပေါက်ပါလိမ့်မယ်။

ဒါကြောင့် လုပ်ငန်းခွင်တစ်ခုမှာ စိတ်ဓာတ်လှုံ့ဆော်မှုက ဝန်ထမ်းတွေရဲ့ အလုပ်မှာ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ စိတ်ဓာတ်မြင့်တင်မှု မည်မည်ရရ မရဘူးဆိုရင် လုပ်ငန်းဆောင်ရွက်နိုင်မှုတွေ အလိုအလျောက်ကျဆင်းသွားပါလိမ့်မယ်။ ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွစေမယ့် လျို့ဝှက်ချက်ကို မန်နီဂျာတိုင်း မဖြစ်မနေ သိသင့်ပါတယ်။

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေရဲ့ တက်ကြွမှုကို ဖျက်ဆီးပစ်တဲ့ အချက် (၄) ချက်ကတော့…

၁။ အသိအမှတ်ပြုမှု လုံးဝမရှိခြင်း

ဝန်ထမ်းတိုင်း သူတို့လုပ်တဲ့အလုပ်တစ်ခုချင်းစီအတွက် အသိအမှတ်ပြု ခံထိုက်ပါတယ်။ ဝန်ထမ်းရဲ့ စွမ်းဆောင်နိုင်မှု မြှင့်တင်ပေးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဝန်ထမ်းမှ အမှားတစ်ခုခု ပြုမိတဲ့အခါ လွယ်လွယ် လက်ညွှန်းထိုးကြပါတယ်။ ဒါပေမယ့် ကောင်းတာတစ်ခုခု လုပ်တဲ့အခါ အသိအမှတ်ပြုပေးဖို့လည်း မမေ့ပါနဲ့။

၂။ သူဌေးနဲ့ တိုက်ရိုက် တွေ့ဆုံခွင့်မရခြင်း

ဝန်ထမ်းတွေနဲ့ မျက်နှာချင်းဆိုင် မတွေ့ဆုံတဲ့ လုပ်ငန်းရှင်များစွာရှိပါတယ်။ တကယ်တော့ ဒါ မှားပါတယ်။ သူဌေးနဲ့ ဝန်ထမ်းကြား တိုက်ရိုက်ဆက်သွယ်မှုမရှိဘူးဆိုရင် အခြေအနေတွေ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်။ သူဌေးအများစုက ဝန်ထမ်းတွေနဲ့ ဆက်သွယ်ဖို့ ကြားလူခန့်ထားကြပေမယ့် တတယ်တမ်း ဒါ ကောင်းတဲ့အကြံတစ်ခုတော့ မဟုတ်ပါဘူး။

၃။ စိတ်ကြိုက်ဝန်ထမ်းတွေသာ အလေးပေးခံရခြင်း

ဒီအချက်က လူသိများပြီး လုပ်ငန်းခွင်အများစုမှာ ဖြစ်နေတဲ့အရာပါ။ သူဌေးအနေနဲ့ ကုမ္ပဏီရဲ့ အောင်မြင်မှုအတွက် မိမိသဘောကျတဲ့ဝန်ထမ်းတွေကိုပဲ အမြဲတမ်း အသိမှတ်ပြု ကျေးဇူးတုံ့ပြန်တတ်ကြပါတယ်။ ဒီအချက်က ထိခိုက်မှုတွေ အလွယ်တကူဖြစ်စေနိုင်ကြောင်း သူဌေးတွေ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်ကြိုက်လူတွေသာ ဦးစားမပေးဘဲ ကျန်ဝန်ထမ်းတွေကိုလည်း ဂရုစိုက်ရပါမယ်။

၎။ အလုပ်နဲ့ အလုပ်ပြီးဖို့ နောက်ဆုံးသတ်မှတ်ချိန်

အလုပ်က သိပ်အရေးကြီးနေပြီး အမြန်ပြီးဖို့ လိုအပ်နေတယ်ဆိုပါက အနည်းဆုံး သင့်တော်တဲ့ deadline သတ်မှတ်ပါ။ Deadline က အရေးကြီးတယ်ဆိုပေမယ့်လို့ လုပ်ရမယ့်အလုပ်ကများများ၊ အလုပ်ပြီးဖို့ မဖြစ်နိုင်တဲ့ deadline တွေ သတ်မှတ်မယ်ဆိုရင် ပြသနာကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။

Credit :Trend Myanmar