Breaking News

ချိန်းတွေ့ရင် ဘာတွေပြောရမလဲ Love


ဆော်တွေ ကိုချိန်းတွေတဲ့ အချိန်ကျ ရင် သူမ ပျော်နေအောင် ၊နောက်တစ်ခါ ထပ်တွေ့ချင် အောင်၊ သူမရဲ့အသည်း ကို သိမ်းပိုက်နိုင်အောင် ဘာတွေပြောရမလဲ ဆိုတာ အရွယ်ရောက်လာတဲ့ ယောက်ျားလေးတိုင်းမှာရှိတဲ့ မေးခွန်းတစ်ခုပါ။ သင် ပြောလိုက်တဲ့ စကားတစ်ခွန်း သင်လုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ နောက်တစ်ခါ ထပ် တွေ့ရေး မတွေ့ရေး ကို အဆုံးအဖြတ်ပေးသွားနို်င်ပါတယ်။ ဒီနေ့တော့ သင့်နောက်တစ်ခါ ချိန်းတွေ့တဲ့ အချိန်ပြောရမယ့် အကြောင်းအရာတစ်ခုကို ဖော်ပြပေးပါမယ်။ ဒါကို ပထမဆုံး ချိန်းတွေ့တဲ့ တစ်ခောက် နှစ်ခောက်လောက်မှာ အသုံးပြုသင့်ပါတယ်။

လက်ညိုး နှင့် လက် သူကြွယ် ကွာခြားခြင်းအကြောင်း

အများသောအားဖြင့် လူတိုင်းရဲ့ လက်ညိုးနဲ့ လက်သူကြွယ် ဟာ အတိုင်းကွာပါတယ်။ အဲဒီကွာခြားရတာ အလကားသက်သက် မဟုတ်ပဲ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်။ ဒါကတော့ လူတိုင်းက မမွေးခင် မိခင်ဝမ်းထဲမှာ ရှိစဉ် က မိခင်ရဲ့ ဟော်မုန်း အပြောင်းအလဲပေါ်မူတည်နေပါတယ်။ မိခင်မှာ တက်စတိုစတုန်း ခေါ် (ကျား) ဟော်မုန်းများ နေခဲ့တယ်ဆိုရင် လက်သူကြွယ်က ပိုရှည်နေတက်ပါတယ်။ အကယ်၍ လက်ညိုးကပိုရှည်နေတယ် ဆိုရင်တော့ အိစတိုဂျင်လို့ခေါ်တဲ့ (မ)ဟော်မုန်းကများနေခဲ့လို့ဖြစ်ပါတယ်။ ဒီဟော်မုန်း လွမ်းမိုးမှု က လက်ညိုး အတိုအရှည် ပေါ်မှာ တင်မရပ်သွားပဲ ကြီးလာသည် အထိ လူတစ်ယောက်ရဲ့စိတ်ကို လွမ်းမိုးမှု အနည်းနဲ့ အများရှိနိုင်ပါတယ်။

လက်ညိုးရှည်တဲ့ မိန်းခလေးတွေ (မ) ဟော်မုန်းများခဲ့တဲ့အတွက် မိန်းမဆန်ဆန်နေတက်ပြီး အချက်အပြုတ်စိတ်ဝင်စားခြင်း၊ အလှအပ မက်မောခြင်း၊ ချွဲနွဲ့တက်ခြင်း၊ တဝန်တိုစိတ်များခြင်း၊ စတဲ့ မိန်းမလေးတော်တော်များ များမှာ ရှိတက်တဲ့ အကျင့်များကို ပိုင်ဆိုင်ထားတက်ကြပါတယ်။ အကယ်၍သား သမီးရလာပြီဆိုတဲ့ အခါကျရင်လဲ သားသမီးတွေ အပေါ် ဂရုစိုက် ၊ အနစ်နာခံ တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်လာမှာပါ။

တဖန်လက် သူကြွယ်ရှည်တဲ့ မိန်းခလေးများက တော့ မိမိ ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး လူအများနှင့် အပေါင်းအသင်းဆံ့ခြင်း၊ လုပ်ငန်းများ ကို ကိုယ်တိုင် လုပ်ကိုင်ချင်ခြင်း၊ စွံစားရဲကာ လုပ်ရဲကိုင်ရဲ ရှိခြင်း စတဲ့ အချက်များကိုပိုင်ဆိုင်ထားမှာပါ။ ထိုမိန်းခလေးများကတော့ မိမိ လုပ်ငန်းများကို ဝင်ရောက်ကူညီနိုင်သော ယောက်ျားသဘာဝကို ပိုမိုနားလည်နို်င်သော မိန်းခလေးများဖြစ်နိုင်မည်။ တဖန် ယောက်ျားများကို အထင်ကြီးတဲ့စိတ် လည်းနည်းမည်ဖြစ်ကာ ယောက်ျားမရှိလည်း ကိုယ့်ဟာကိုယ် ရပ်တည်နိုင်သည်ဟု ယူဆထားသော ဆွာကျယ်လေးများဖြစ်နို်င်သည်။
(ဖော်ပြပါအချက်များသည် ယေဘုယ အားဖြင့် ကောက်ယူထားသော အချက်အလက်များဖြစ်၍ သင့်ဆော်နှင့် အသေငြင်းရန် အတွက်မဟုတ်ပါ။ တချို့သောသူများသည် ဖော်ပြပါအချက်များ နှင့် ဆန့်ကျင်ဖက်ဖြစ်မည်ဖြစ်သောကြောင့် မီးစင် ကြည့်ကကြပါရန်)
နောက်ထပ် ကောင်းတာက သူ့ရဲ့လက်ကို ပေါ်တင်ကိုင်ဖို့ အကြောင်းပြချက်ကောင်းလေးတစ်ခုပါ။ ဘယ်ဘက်လက် ကို အရင်ကိုင်ပြီး မှ “အောင် ညာဘက်လက်ကို ကြည့်ရမှာ ဟုပြောကာ ညာဘက်လက်ကိုထပ်ကိုင်ပြီး ပြောပြရင်း ခဏခဏ ထပ်ထပ်ကိုင်လို့ရမည်ဖြစ်သည်။ ကိုယ်ပိုင်စိတ်ကူးဖြင့် ချဲ့ထွင်ပြောလျှင် လက်ကြာကြာကိုင်ရမည်ဖြစ်သည်။ အကောင်းတွေကိုပဲပြောပါ။ စကားထ မများချင်လျင် ဆိုးတာတွေကိုလုံးဝရှောင်ပါ။ သင့်ရည်ရွယ်ချက်က သူကြွေအောင် ဗဟုသုတ ကြွယ်ဝသူတစ်ယောက်ဖြစ် ကြောင်း အသိပေးတာပါ။ လိုသလို အသုံးချ ကြပါကုန်။

မိန်းကလေးတိုင်း တောင့်တပြီး … ယောက်ျားလေးတိုင်း အားကျစေဖို့ …
Gentleman Magazine