Breaking News

ခွဲမရအောင်တူတဲ့ ရိစ်ဝစ်သာစပွန်းတို့သားအမိ Love

ဟောလိဝုဒ်မင်းသမီး ရိစ်ဝစ်သာစပွန်းဟာ သူမရဲ့သမီးကြီး အေဗာနဲ့ အတူ ဓာတ်ပုံရိုက်ပြီး တင်ခဲ့တာဖြစ်ပြီး ယင်းဓာတ်ပုံက ဓာတ်ပုံထက် သူမ မှန်ထဲကို စိုက်ကြည့်နေတာနဲ့တောင် ပိုတူနေပါတယ်။
play

ရွှေအိုရောင်ဆံပင်၊ ကြီးမားလှတဲ့ အပြာရောင်မျက်ဝန်းတွေနဲ့ အပြုံးတွေ ထပ်တူကျလွန်းတဲ့ သူတို့နှစ်ယောက်ဟာ သားအမိထက် ညီအစ်မလို့ပြောရင် ပိုယုံနိုင်ဖွယ်ရှိနေပါတယ်။
အသက် ၁၇ နှစ်အွယ် အေဗာဟာ အော်စကဆုရှင်မင်းသမီး ရိစ်ရဲ့အကြီးဆုံး သမီးဖြစ်ပြီး ခင်ပွန်းဟောင်း မင်းသား ရိုင်ယန်ဖီးလစ်နဲ့ လက်ထပ်စဉ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် မင်းသမီးဟာ သူမနဲ့တထေရာတည်းတူတဲ့ သမီးကြီးကို အတော်ချစ်ပုံရပြီး သမီးနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မကြာခဏဆိုသလို အင်စတာဂရမ်ကနေ မျှဝေလေ့ရှိပါတယ်။
သူတို့သားအမိဟာ အရမ်းကို ရမ်းနှီးပုံရပြီး အမြဲတတွဲတွဲ မခွဲအတူ ရှိနေပုံပါပဲ။
play

ရိစ်မှာ အသက် ၁၂ ဒက်ကွန်ဖီးလစ်နဲ့ ၃ နှစ်အရွယ် တန်နက်ဆီတို့သ်ဆိုတဲ့ သားနှစ်ယောက်လည်း ရှိပါသေးတယ်။ တန်နက်ဆီကတော့ ရိစ်ရဲ့ ဒုတိယအိထောင် ဒါရိုက်တာ ဂျင်တို့သ်နဲ့ ရထားတာ ဖြစ်ပါတယ်။
Source & Photos : the Sun